Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​လေးလမ်းမကြီးအပါအဝင်လမ်းပိုင်း ၃ ခုကို PDF များယာယီပိတ်

အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းများအား ဖြတ်တောက်ထားသည်။

(ယခင်လပိုင်းအတွင်းက မုံရွာ-မန္တလေးလမ်းမပေါ် လမ်းပိတ်ထား၍ ခရီးသည်တင်ယာဥ်များ စောင့်ဆိုင်းနေစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအပါအဝင် လမ်းပိုင်း ၃ ခုအား ယာယီပိတ်သိမ်းထားကြောင်း Myinmu Defence Force က အရေးပေါ် ထုတ်ပြန်ကြေညာသည်။

ယနေ့ မေလ ၂၄ ရက်နေ့ နံနက် ၁၀နာရီမှစတင်ကာ စစ်ကိုင်း – မြင်းမူ -ချောင်းဦး -မုံရွာ လမ်းမကြီး၊ ထီးဆောင်း – အရာတော် လမ်းမကြီးနှင့် အလ္လကပ္ပ – တောချောင်းဦးလမ်းပိုင်းတို့အား အိမ်စီးကား၊ကုန်ကား၊ ဆိုင်ကယ်၊ မည်သည့်ယာဥ်မှ ဖြတ်သန်းခွင့်မပြုကြောင်း Myinmu Defence Force က ထုတ်ပြန်သည်။

“သွားနေတဲ့သူတွေ ရှိရင် အရေးပေါ် ဖုန်းဆက် ပေးကြပါ။နောက်ပြန်လှည့်ပေးကြပါ။ ကြေညာချက်ကို လိုက်နာခြင်းဖြင့် ကျွန်တော်တို့ PDF အသက်တွေ ကို ငဲ့ညှာပေးကြပါ။”ဟု Myinmu Defence Force က ပြောသည်။

အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အချို့တွင် ယနေ့နံနက်ပိုင်းမှစတင်ကာ ဖုန်းလိုင်းများအား ဖြတ်တောက်ထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က မြင်းမူမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်တပ်ယာဥ်တန်း ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook