Connect with us

Hi, what are you looking for?

News

အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အရေးပေါ်အကောင်အထည်ဖော်ရန် Quad ခေါင်းဆောင်များ ပူးတွဲထုတ်ပြန်

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့အကျပ်အတည်းသည် ဆိုးရွားသော လူသား ချင်းစာနာမှုဘေးဒုက္ခနှင့် ဒေသတွင်းတည်ငြိမ်မှုစိန်ခေါ်မှုများကို ဦးတည်ဖြစ်ပေါ်စေကြောင်း Quad ခေါင်းဆောင်များက ရှုမြင်သည်။

(Quad ​​​ခေါင်း​ဆောင်များ။ ။ဓါတ်ပုံ-Narendra Modi/twitter)

အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အရေးပေါ်အကောင်အထည်ဖော်ရန် Quad အင်အားကြီးလေးနိုင်ငံခေါင်းဆောင်များက ယနေ့ ပူးတွဲတိုက်တွန်းသည်။

အမေရိကန်သမ္မတဘိုင်ဒင်၊ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်ဘိန်း၊ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ တို့၏ Quad ထိပ်သီးဆွေးနွေးပွဲအပြီးထုတ်ပြန်သော ပူးတွဲ ကြေညာချက်၌ မြန်မာ့အကျပ်အတည်းကို နက်ရှိုင်းစွာဆက်လက်စိုးရိမ်ပူပန်ကြောင်း ဖော်ပြ သည်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာ့အကျပ်အတည်းသည် ဆိုးရွားသော လူသား ချင်းစာနာမှုဘေးဒုက္ခနှင့် ဒေသတွင်းတည်ငြိမ်မှုစိန်ခေါ်မှုများကို ဦးတည်ဖြစ်ပေါ်စေကြောင်း Quad ခေါင်းဆောင်များက ရှုမြင်သည်။

Quad ခေါင်းဆောင်များသည် မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရေး၊ အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းမှုများဖြစ်ပေါ်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရေး တို့ကို ထပ်လောင်းတောင်းဆိုကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အထက်ပါအင်အားကြီးခေါင်းဆောင်လေးဦးသည် မြန်မာ့အရေးအဖြေရှာရေး အာဆီယံ ဦးဆောင်သည့်ကြိုးပမ်းအားထုတ်မှုများကို အားပေးထောက်ခံကြောင်း ထပ်လောင်းအတည်ပြုခဲ့ ပြီး အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်၏ အခန်းကဏ္ဍကိုလည်း ကြိုဆိုထောက်ခံကြောင်း ပူးတွဲထုတ်ပြန်သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ Quad ခေါင်းဆောင်များ တွေ့ဆုံနေချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိမြန်မာနိုင်ငံ၏ အကျပ်အတည်းနှင့် ဒီမိုကရေစီအရေးတို့အတွက် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။