Connect with us

Hi, what are you looking for?

News

တွေ့ဆုံဆွေးနွေးရေးက ပဋိပက္ခတွေမှာ ပါဝင်သူအားလုံးပါမှသာ ရလဒ်ကောင်းမယ်လို့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌပြော

စစ်ကောင်စီအဖွဲ့ဝင်တွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်တွေနဲ့ မွန်ပြည်သစ်ပါတီတို့ဟာ မနေ့ မေလ ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ လိုအပ်ပြီး တွေ့ဆုံဆွေးနွေးတဲ့အခါ လက်ရှိဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ စစ်မှန်တဲ့အဖြေရလာဒ်ကောင်း ရရှိနိုင်မှာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဌ နိုင်အောင်မင်းက ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဝင်တွေနဲ့ မွန်ပြည်သစ်ပါတီတို့ဟာ မနေ့ မေလ ၂၄ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်အောင်မင်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး မွန်ပြည်သစ်ပါတီက ဒီကနေ့မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဘာသာစကား၊ နိုင်ငံရေးဦးဆောင်မှု အဖွဲ့အစည်းတွေ ကိုယ်စီရှိကြတဲ့ နိုင်ငံရေးအားသန်တဲ့ လူမျိုးပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်ပြီး အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေအပေါ် အခြေခံပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့၊ အဲ့ဒီကနေ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ထောင်ဖို့နဲ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးတို့အတွက် ပါဝင်ထိုက်သူအားလုံး အကျေအလည်ဆွေးနွေးနိုင်ဖို့ အရေးကြီးတယ်လို့ နိုင်အောင်မင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုဆွေးနွေးရာမှာ တန်းတူရည်တူ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ အရေးကြီးပြီး မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ လိုတယ်လို့ ခံယူထားကာ နိုင်ငံရေးပြသနာတွေကို ဒီလိုတွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ရေရှည်တည်တံ့တဲ့ အဖြေရရှိနိုင်မှာဖြစ်တယ်လို့ နိုင်အောင်မင်းက ပြောပါတယ်။

ဒါ့အပြင် တွေ့ဆုံဆွေးနွေးတဲ့အခါမှာလည်း လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခမှာပါဝင်နေတဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာမှသာ စစ်မှန်တဲ့အဖြေရလာဒ်ကောင်း ရရှိနိုင်မှာဖြစ်ပြီး ငြိမ်းချမ်းသာယာ၀ပြောတဲ့ နိုင်ငံတော်သစ်ဆီကို ရောက်ရှိနိုင်မယ်လို့ ယုံကြည်ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌက ဆိုထားပါသေးတယ်။

ဒါကြောင့် နှစ်(၇၀)ကျော် ဖြစ်ပေါ်နေတဲ့ ပြည်တွင်းပဋိပက္ခကို ဖြေရှင်းနိုင်ရေး အထောက်အကူပြုဖို့အတွက် နှစ်ဦးနှစ်ဖက် စိတ်ရှည်ရှည်နဲ့ ဆွေးနွေးညှိနှိုင်းပေးဖို့ နိုင်အောင်မင်းက မေတ္တာရပ်ခံခဲ့ကြောင်း မွန်ပြည်သစ်ပါတီရဲ့ ထုတ်ပြန်ထားချက်မှာ ဖော်ပြထားပါတယ်။

မွန်ပြည်သစ်ပါတီဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပြီး စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လာတက်ရောက်တဲ့အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

ညီနောင်မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့ တအာင်းတပ်မတော်(TNLA) နဲ့ ကိုးကန့်တပ်မတော်(MNDAA)တို့က ​ခေါင်း​​​ဆောင်​တွေဟာကိုးကန့်ဒေသ လောက်ကိုင်မြို့မှာတွေ့ဆုံဆွေးနွေးနေကြပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

သတင်း

ချင်းလက်နက်ကိုင်အချင်းချင်းအကြားလက်နက်ကိုင်လမ်းစဉ်ဖြင့်အပြန် အလှန် တိုက်ခိုက်ခြင်းသည်ဘုံရန်သူဖြစ်သည့် စစ်ကောင်စီဖြစ်စေချင်သည့်အတိုင်း လုပ်ဆောင်ပေးခြင်း၊ တော်လှန်ရေးကိုနှောင့်နှေးစေခြင်း၊ ပြည်သူများကိုစိတ်ဝမ်းကွဲမှုကိုဖြစ်ပေါ်စေခြင်းစသည်တို့ကို ဦးတည်စေသည့်လုပ်ရပ်ဖြစ်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့က ဇူလိုင် ၂၀ရက်တွင် ပူးတွဲထုတ်ပြန်သည်။