Connect with us

Hi, what are you looking for?

News

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စဉ်ဆက်မပြတ်ပို့ဆောင်နိုင်ရေး လိုအပ်ဟု ဒိန်းမတ်သံရုံးနှင့် WFP တို့ ထပ်လောင်းတောင်းဆို

ဒိန်းမတ်သံရုံးနှင့် WFP တို့သည် ကယား(ကရင်နီ)ပြည်နယ်မှ နေရပ်စွန့်ခွာလာခဲ့ရသော တိုက်ပွဲရှောင် ပြည်သူများကို WFP က အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည့် ရှမ်းပြည်နယ် တောင်ပိုင်းရှိနေရာများသို့ အတူသွားရောက်လေ့လာအပြီးတွင် သတင်းထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

(ဒိန်းမတ် သံရုံးအကြီးအကဲနှင့် WFP မှတာဝန်ရှိသူအချို့က ကရင်နီစစ်​ဘေး​ရှောင်စခန်းများသို့သွား​ရောက်လ့လာစဥ်။ ဓါတ်ပုံ-ဒိန်းမတ်သံရုံး)

●ဒိန်းမတ်သံရုံးအကြီးအကဲ ကရင်နီစစ်​ဘေး​ရှောင်များရှိရာသို့သွား​ရောက်​လေ့လာ

နိုင်ငံအတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စဉ်ဆက်မပြတ် သွား‌ရောက်‌ပေးအပ်နိုင်ရန်လိုအပ်ကြောင်း ဒိန်းမတ်သံရုံးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) တို့က ထပ် မံ တောင်းဆိုလိုက်သည်။

ဒိန်းမတ်သံရုံးနှင့် WFP တို့သည် ကယား(ကရင်နီ)ပြည်နယ်မှ နေရပ်စွန့်ခွာလာခဲ့ရသော တိုက်ပွဲရှောင် ပြည်သူများကို WFP က အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည့် ရှမ်းပြည်နယ် တောင်ပိုင်းရှိနေရာများသို့ အတူသွားရောက်လေ့လာအပြီးတွင် သတင်းထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

(ဒိန်းမတ် သံရုံးအကြီးအကဲနှင့် WFP မှတာဝန်ရှိသူအချို့က ကရင်နီစစ်​ဘေး​ရှောင်စခန်းများသို့သွား​ရောက်လ့လာစဥ်။ ဓါတ်ပုံ-ဒိန်းမတ်သံရုံး)

“ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို မြင်ရတာ ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့အားလုံးက အသက်မွေးဝမ်ကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကိုယ့်အိမ် ကိုယ့်ရွာကို ဘေးကင်းကင်းနဲ့ ပြန်ချင်နေကြတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအကြီးအကဲ Mr Anders Graugaard က ပြောသည်။

Public Service Announcement

Public Service Announcement

ဒိန်းမတ်သည် မြန်မာနိုင်ငံအတွင်း အ‌ရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယခုနှစ်အစောပိုင်းက WFP ကို ဒိန်းမတ်ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃.၈သန်း) ပံ့ပိုးကူညီခဲ့သည်။

(ဒိန်းမတ် သံရုံးအကြီးအကဲနှင့် WFP မှတာဝန်ရှိသူအချို့က ကရင်နီစစ်​ဘေး​ရှောင်စခန်းများသို့သွား​ရောက်လ့လာစဥ်။ ဓါတ်ပုံ-ဒိန်းမတ်သံရုံး)

COVID-19 ကပ်ရောဂါနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လွန်စွာတိုးမြင့်လိုအပ်နေကြောင်း ဒိန်းမတ်သံရုံးက ထုတ်ပြန်သည်။

WFP သည် သွားရောက်ကူညီခွင့်ရရှိမှုအခြေအနေပေါ် မူတည်ပြီး မြန်မာနိုင်ငံတဝန်းလုံးက အရေးပေါ်အကူအညီလိုအပ်နေသူအားလုံးကို အကူအညီတွေတိုးမြှင့်ပေးသွားအပ်ဖို့ ကတိပြုထားသည်။

(ဒိန်းမတ် သံရုံးအကြီးအကဲနှင့် WFP မှတာဝန်ရှိသူအချို့က
ကရင်နီစစ်​ဘေး​ရှောင်စခန်းများသို့သွား​ရောက်လ့လာစဥ်။
ဓါတ်ပုံ-ဒိန်းမတ်သံရုံး)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

မင်း​အောင်လှိုင်က အာဆီယံဘုံသ​ဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်ပြီးထိုင်းကိုဘာကတိမှ မ​ပေးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။