Connect with us

Hi, what are you looking for?

LuduNwayOo

News

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ စဉ်ဆက်မပြတ်ပို့ဆောင်နိုင်ရေး လိုအပ်ဟု ဒိန်းမတ်သံရုံးနှင့် WFP တို့ ထပ်လောင်းတောင်းဆို

ဒိန်းမတ်သံရုံးနှင့် WFP တို့သည် ကယား(ကရင်နီ)ပြည်နယ်မှ နေရပ်စွန့်ခွာလာခဲ့ရသော တိုက်ပွဲရှောင် ပြည်သူများကို WFP က အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည့် ရှမ်းပြည်နယ် တောင်ပိုင်းရှိနေရာများသို့ အတူသွားရောက်လေ့လာအပြီးတွင် သတင်းထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

(ဒိန်းမတ် သံရုံးအကြီးအကဲနှင့် WFP မှတာဝန်ရှိသူအချို့က ကရင်နီစစ်​ဘေး​ရှောင်စခန်းများသို့သွား​ရောက်လ့လာစဥ်။ ဓါတ်ပုံ-ဒိန်းမတ်သံရုံး)

●ဒိန်းမတ်သံရုံးအကြီးအကဲ ကရင်နီစစ်​ဘေး​ရှောင်များရှိရာသို့သွား​ရောက်​လေ့လာ

နိုင်ငံအတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စဉ်ဆက်မပြတ် သွား‌ရောက်‌ပေးအပ်နိုင်ရန်လိုအပ်ကြောင်း ဒိန်းမတ်သံရုံးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) တို့က ထပ် မံ တောင်းဆိုလိုက်သည်။

ဒိန်းမတ်သံရုံးနှင့် WFP တို့သည် ကယား(ကရင်နီ)ပြည်နယ်မှ နေရပ်စွန့်ခွာလာခဲ့ရသော တိုက်ပွဲရှောင် ပြည်သူများကို WFP က အရေးပေါ် စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေသည့် ရှမ်းပြည်နယ် တောင်ပိုင်းရှိနေရာများသို့ အတူသွားရောက်လေ့လာအပြီးတွင် သတင်းထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

(ဒိန်းမတ် သံရုံးအကြီးအကဲနှင့် WFP မှတာဝန်ရှိသူအချို့က ကရင်နီစစ်​ဘေး​ရှောင်စခန်းများသို့သွား​ရောက်လ့လာစဥ်။ ဓါတ်ပုံ-ဒိန်းမတ်သံရုံး)

“ကယားပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာလာကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခကို မြင်ရတာ ကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့အားလုံးက အသက်မွေးဝမ်ကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ကိုယ့်အိမ် ကိုယ့်ရွာကို ဘေးကင်းကင်းနဲ့ ပြန်ချင်နေကြတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအကြီးအကဲ Mr Anders Graugaard က ပြောသည်။

Public Service Announcement

Public Service Announcement

ဒိန်းမတ်သည် မြန်မာနိုင်ငံအတွင်း အ‌ရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ယခုနှစ်အစောပိုင်းက WFP ကို ဒိန်းမတ်ခရိုနာ ၂၅ သန်း (အမေရိကန်ဒေါ်လာ ၃.၈သန်း) ပံ့ပိုးကူညီခဲ့သည်။

(ဒိန်းမတ် သံရုံးအကြီးအကဲနှင့် WFP မှတာဝန်ရှိသူအချို့က ကရင်နီစစ်​ဘေး​ရှောင်စခန်းများသို့သွား​ရောက်လ့လာစဥ်။ ဓါတ်ပုံ-ဒိန်းမတ်သံရုံး)

COVID-19 ကပ်ရောဂါနှင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လွန်စွာတိုးမြင့်လိုအပ်နေကြောင်း ဒိန်းမတ်သံရုံးက ထုတ်ပြန်သည်။

WFP သည် သွားရောက်ကူညီခွင့်ရရှိမှုအခြေအနေပေါ် မူတည်ပြီး မြန်မာနိုင်ငံတဝန်းလုံးက အရေးပေါ်အကူအညီလိုအပ်နေသူအားလုံးကို အကူအညီတွေတိုးမြှင့်ပေးသွားအပ်ဖို့ ကတိပြုထားသည်။

(ဒိန်းမတ် သံရုံးအကြီးအကဲနှင့် WFP မှတာဝန်ရှိသူအချို့က
ကရင်နီစစ်​ဘေး​ရှောင်စခန်းများသို့သွား​ရောက်လ့လာစဥ်။
ဓါတ်ပုံ-ဒိန်းမတ်သံရုံး)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘော်ဆန် အဆောက်အအုံကို ၁၆၂၅ ခုနှစ်တုန်းက ဒိန်းမတ်လွှတ်တော်၊ ခရစ္စရှန်ဘော့ဂ် တော်ဝင်နန်းတော်တို့နဲ့ သိပ်မဝေးတဲ့ နေရာမှာ တည်ဆောက်ခဲ့တာပါ။ မီးလောင်မှု ဖြစ်နေချိန်အတွင်း အနားမှာရှိတဲ့ ရင်ပြင်က လူစုလူဝေးကိုလည်း ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

ICJဟာ နိုင်ငံတကာရေးရာ အငြင်းပွားမှုတွေမှာ ကြားဝင်ပြီး အဆုံးအဖြတ် ပေးနိုင်ပေမယ့်လည်း အဲဒီ စီရင်ချက်ကို အကောင်အထည် ဖော်ဖို့အတွက်တော့ အာဏာမရှိပါဘူး။

နိုင်ငံတကာ

အစ္စရေး သံရုံးက အခုဆန္ဒပြမှုအပေါ် သဘောထားမှတ်ချက် မပေးခဲ့ပေမယ့်လည်း သံရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရမှု လုံးဝ မရှိခဲ့ဘူးလို့တော့ အတည်ပြုသွားပါတယ်။

နိုင်ငံတကာ

သံရုံးကတော့ အခုဖြစ်စဉ်မှာ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ ကြေညာခဲ့ပါတယ်။ အခုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့တာဟာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးကို ဆန္ဒပြတာလား၊ တခြားရည်ရွယ်ချက် တစ်ခုခုကြောင့်လား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။