Connect with us

Hi, what are you looking for?

News

စဥ်ကူးမြို့နယ်မှ စစ်​ကောင်စီရာအိမ်မှူးအိမ်မိုးကြိုးပစ်

မိုးဦးကာလတွင်မြန်မာနိုင်ငံတွင် မိုးတိမ်​တောင်များအဖြစ်များပြီး မိုးကြိုးပစ်မှုအများဆုံးကာလများထဲမှတစ်ခုဖြစ်​ကြောင်းမိုး​လေဝသပညာရှင်များက​ပြောသည်။

ရာအိမ်မှူး ထွန်းထွန်းဦး

●ရာအိမ်မှူးသမီး​မွေး​နေ့ပွဲအတွက်လာကူညီ​ပေး​သောအမျိုးသမီး​လေး​ယောက် မိုးကြိုးစက်ကွင်းမိပြီး ၂ ဦး​သေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေသည့် ရပ်ကွက်ရာအိမ်မှူးအိမ် မိုးကြိုးပစ်ခံရပြီး အမျိုးသမီးလေးယောက်မိုးကြိုးစက်ကွင်းမိကာ နှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

စဥ့်ကူးမြို့နယ်၊ရှောက်ပင်ရိုးကျေးရွာအုပ်စု၊နွယ်ရုံကျေးရွာတွင် မေလ၂၃ရက်နေ့ ညနေ၆နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ခဲ့ရာ စစ်​ကောင်စီလက်​အောက်တာဝန်ထမ်း​ဆောင်​​နေ​သောရာအိမ်မှုး ထွန်းထွန်းဦးအိမ် မိုးကြိုးပစ်ခံခဲ့ရကြောင်း၊ ရာအိမ်မှူးသမီးမွေးနေ့ပွဲအတွက် လာရောက်ကူညီလုပ်ကိုင်ပေးနေသည့် အမျိုးသမီးလေးယောက်သည် မိုးကြိုးစက်ကွင်းမိပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရာအိမ်မှူးအိမ် က​လေးမွေးနေ့ပွဲ ဝိုင်းကူပေးနေကြရင်း အပစ်ခံရတာ။ သူ့မိသားစုတွေတော့ မထိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ထန်းတောရွာတွင် မိုးသည်းထန်စွာ ရွာသွန်းနေစဥ် ၎င်းကျေးရွာတွင် နေထိုင်သည့် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ အုန်းကြီးဆိုသူအား မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သေးသည်။

အလားတူမေ ၂၄ရက်နေ့လယ်ပိုင်းတွင်လည်းမန္တလေးတိုင်း၊ရမည်းသင်းမြို့နယ်၊ နန်းလုံရွာတွင် မိုးရွာ၍သစ်ပင်အောက် မိုးခိုနေသည့် ငရုတ်စိုက်တောင်သူ ၅ ဦးမိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သည်။

(မိုးကြိုးပစ်စဥ် မိုးကြိုးစက်ကွင်းမိပြီး ကွယ်လွန်ခဲ့သူနှင့်ဒဏ်ရာရသူများ/ စစ်​ကောင်စီရာအိမ်မှူးထွန်းထွန်းဦး)

မိုးဦးကာလတွင်မြန်မာနိုင်ငံတွင် မိုးတိမ်​တောင်များအဖြစ်များပြီး မိုးကြိုးပစ်မှုအများဆုံးကာလများထဲမှတစ်ခုဖြစ်​ကြောင်းမိုး​လေဝသပညာရှင်များက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။