Connect with us

Hi, what are you looking for?

News

ပလက်၀မြို့အနီး AAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူနေဟု ဒေသခံပြော

တိုက်ပွဲများ ပြန်ဖြစ်လာပါက ၂၀၁၅ နောက်ပိုင်းကတည်းက လမ်းခရီးသွားလာရေး အခက်အခဲရှိနေသည့်ဒေသ၌ ပိုမိုတင်းကြပ်မှုများ ဖြစ်လာနိုင်ကြောင်း ဒေသခံက ပြောသည်။

ချင်းပြည်နယ် ပလက်၀မြို့အနီး အဘောင်သားကျေးရွာဝန်းကျင်၌ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက်က တိုက်ပွဲဖြစ်ပွားနေကြောင်း ပလက်၀ဒေသခံတစ်ဦးက ပြောသည်။

“ မြို့အနီးတဝိုက်က AA တပ်ဖွဲ့တွေရှိတာပေါ့။ မနက်က ၈နာရီ ဝန်းကျင်လောက် ကတည်းက ဖြစ်တာ။ လက်နက်အသေးသံတွေလည်းကြားတယ်။ အဘောင်သားဘက်ကို ပစ်ခတ်မှုရှိတယ်။ ပစ်ခတ်မှုရှိတာကို စစ်ကူသဘောအနေနဲ့ ၂၈၉ တပ်ရင်းကနေ လက်နက်ကြီးနဲ့ ပစ်ကူပေးတဲ့အနေအထားပေါ့” ဟု ပလက်၀ဒေသခံက ပြောသည်။

အဘောင်သားရွာသည် ပလက်၀နှင့် လမ်းလျှောက်သွားပါက ၁နာရီခန့်သာ ကြာမြင့်ကြောင်း ၎င်း ကဆိုသည်။

တိုက်ပွဲများ ပြန်ဖြစ်လာပါက ၂၀၁၅ နောက်ပိုင်းကတည်းက လမ်းခရီးသွားလာရေး အခက်အခဲရှိနေသည့်ဒေသ၌ ပိုမိုတင်းကြပ်မှုများ ဖြစ်လာနိုင်ကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပလက်၀ မြို့နယ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပလက်၀ ချင်းကာကွယ်ရေးတပ်(CDF) တပ်ဖွဲ့ဝင်များလည်း ပေါ်ပေါက်လာပြီး စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှု အချို့လုပ်ဆောင်ခဲ့၍ တိုက်ပွဲဖြစ်ခဲ့သည်။

“CDFတွေနဲ့တော့ လောလောဆယ် အထိအတွေ့မရှိပါဘူး။ ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ မသိရသေးဘူး”ဟု ဒေသခံက ပြောသည်။

ပလက်၀ဒေသ AAနှင့် စစ်ကောင်စီအကြား တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။ သို့ရာတွင် ရခိုင်ဒေသ၌ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း AAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး