Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မျက်စိခွဲစိတ်ကုသမှုခံယူထား

မေလ ၁၈ ရက်က မန္တလေး နား၊နှာခေါင်း၊လည်ချောင်းခွဲစိတ်ဆေးရုံကြီးမှာ ကုသမှုခံယူခဲ့ပြီး လက်ရှိမှာတော့ ထောင်တွင်းဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ မျက်စိတိမ်ကျတဲ့ဝေဒနာခံစားရတဲ့အတွက် ဆေးရုံမှာ တက်ရောက်ကာမျက်စိခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

မေလ ၁၈ ရက်က မန္တလေး နား၊နှာခေါင်း၊လည်ချောင်းခွဲစိတ်ဆေးရုံကြီးမှာ ကုသမှုခံယူခဲ့ပြီး လက်ရှိမှာတော့ ထောင်တွင်းဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေပါတယ်။

“အခုကတော့ အားလုံးကောင်းသွားပါပြီ၊ ကင်ဆာရောဂါဖြစ်တာက လွဲပြီးတော်တော်ကောင်းတယ်၊အစောကြီးထဲက မျက်စိကိုသမားတော်နဲ့ကြည့်နေတာ၊ ဘယ်လိုပဲပြောပြောဆေးကုသခွင့် ပေးနေတော့ “လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကိုစစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချထားပါတယ်။ ဒါအပြင် အဂတိပုဒ်မတွေနဲ့ ဆက်လက်တရားစွဲထားတာရှိပါသေးတယ်။

Public Service Announcement

Public Service Announcement

အဂတိမှုတွေနဲ့ စွဲဆိုထားတဲ့ အမှုတွေအတွက် လာမယ့် ရုံးချိန်းကို မေလ ၂၆ ရက်မှာစစ်ဆေးမယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ

လောလောဆယ် စင်ကာပူ အစိုးရ အဖွဲ့ထဲမှာ ဘဏ္ဍာရေး ဝန်ကြီးအဖြစ်လည်း တာဝန်ယူထားတဲ့ ဝေါင်ဟာ နိုင်ငံသမိုင်းမှာ စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။