Connect with us

Hi, what are you looking for?

သတင်း

ပြည်တွင်း​ငွေ​ပေး​ချေမှုများတွင် ​ဒေါ်လာအသုံးပြုမှုကို စစ်​ကောင်စီတားမြစ်ကန့်သတ်

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ၂၀၂၂ ဧပြီလတွင် ပြည်တွင်းသုံးစွဲမှုများနှင့် ပေးချေမှုများကို ကျပ်ငွေဖြင့်သာဆောင်ရွက်ရမည်ဟု သတ်မှတ်ထားသည့် အတိုင်းဆောင်ရွက်ရမည်ဟုဆိုထားသည်။

ပြည်တွင်းငွေပေးချေမှုများတွင် ဒေါ်လာဖြင့်ပေးချေမှုများကို တားမြစ်ပြီး ကျပ်ငွေဖြင့်သာပေးချေရမည်ဟုအာဏာသိမ်းစစ်ကောင်စီက ​မေလ ၂၅ ရက်တွင်စတင်ကန့်သတ်လိုက်သည်။

ပြည်တွင်းပေးချေမှုနှင့် ဝန်​ဆောင်မှုများဆောင်ရွက်ရာတွင် ​ဒေါ်လာအသုံးပြုခြင်း​ကြောင့် နိုင်ငံခြား​ငွေသုံးစွဲမှုကျယ်ပြန့်လာပြီး လိုအပ်ချက် မြင့်မားလာခြင်း ၊ နိုင်ငံခြား​ငွေလဲနှုန်းမတည်မငြိမ်ဖြစ်​စေသည်ဟုစစ်​ကောင်စီကဆိုသည်။

မြန်မာကျပ်ငွေကိုသာ အသုံးပြုဆောင်ရွက်ရန် စစ်ကောင်စီ ထိန်းချုပ်ထားသည့် ဗဟိုဘဏ်က၎င်းတို့ဝန်ကြီးဌာ ၊စစ်​ကောင်စီလက်​အောက်ရှိ အခြားဌာနများ နှင့် ဒေါ်လာဖြင့်လုပ်ကိုင်သည့် လုပ်ငန်းများကို ကန့်သတ်လိုက်သည့် ကြေညာကိုမေ ၂၅ ရက်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုထုတ်ပြန်ချက်တွင် ဟိုတယ်များ၊ စားသောက်ဆိုင်အချို့၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကျောင်းများ ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များနှင့် နိုင်ငံခြားသားများကို မြေငှားရမ်းမှုများတွင် ဒေါ်လာဖြင့်ပေးချေဆောင်ရွက်နေသည်ဟု စစ်ကောင်စီကဆိုသည်။ ထိုအပြင် စစ်ကောင်စီ၏ ဝန်ကြီးဌာနများသည်လည်း ရရှိရန်ရှိမည့် ဝင်ငွေများကို ဒေါ်လာဖြင့်လက်ခံဆောင်ရွက်နေသည်ဟု စစ်ကေင်စီကဆိုထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ၂၀၂၂ ဧပြီလတွင် ပြည်တွင်းသုံးစွဲမှုများနှင့် ပေးချေမှုများကို ကျပ်ငွေဖြင့်သာဆောင်ရွက်ရမည်ဟု သတ်မှတ်ထားသည့် အတိုင်းဆောင်ရွက်ရမည်ဟုဆိုထားသည်။

“ဒေါ်လာနဲ့ ရောင်းတဲ့ဆိုင်တွေ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ ကျောင်းတွေ၊ အိမ်ငှားတဲ့လုပ်ငန်းတွေပါ အကုန်လုံးဒုက္ခရောက်ကုန်တော့မှာပေါ့။ ဒေါ်လာကိုင်တဲ့ လုပ်ငန်းတွေကို လိုက် ဒုက္ခလိုက်ပေးနေတာဘဲ”ဟု ရန်ကုန်အခြေစိုက် လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဆိုပါလုပ်ရပ်သည့် စစ်ကောင်စီအတွက် ဒေါ်လာလိုအပ်ချက်ကြီးမားလာသည့်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်ဟုလည်း လုပ်ငန်းရှင်အချို့က​ပြောသည်။ ဒေါ်လာ ဖြင့် လက်မခံရသော်လည်းကျပ်ငွေကိုဒေါ်လာဖြင့်ဈေးဖြတ်၍ လက်ခံနိုင်သည်ဟုသတ်မှတ် ၎င်းကဆိုသည်။

စစ်ကောင်စီ၏ယခုကန့်သတ်ချက်သည့်နိုင်ငံတကာကျောင်းများတွင် အပ်နှံမည်ကျောင်းများမှ ဒေါ်လာဖြင့်လက်ခံမှုကို ထိန်းချုပ်လို၍ဖြစ်သည်ဟု နိုင်ငံတကာကျောင်းဖွင့်လှစ်ထားသူလုပ်ငန်းရှင်တစ်ဦးကပြောကြားသည်။

ဒေါ်လာဖြင့်လုပ်ကိုင်နေသည့်စီးပွားရေးလုပ်ငန်းများအတွက် ထိခိုက်မှုကြီးနိုင်သည့် ကန့်သတ်ချက်ဖြစ်သည်ဟုလုပ်ငန်းရှင်များကသုံးသပ်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။