Connect with us

Hi, what are you looking for?

သတင်း

ပုလောတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် တစ်ဦးသေ၊ လေးဦးဒဏ်ရာရ

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

(PPDF တပ်ဖွဲ့ဝင်ရဲ​ဘော်များ တိုက်ပွဲဝင်နေစဥ်)

တနသ်ာရီတိုင်း၊ ပုလောမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့(မေ ၂၆)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ပုလောမြို့နယ် ဝက်တိုးကျေးရွာအနီး ပုလောပြည်သူ့ကာကွယ်ရေးတပ်မ တော်(PPDF)၊ မဟာမိတ်တပ်ပေါင်းစုတို့နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင် စီတပ်မှ တစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement

“သူတို့(စကစ)ဘက်က စစ်ရေးတပြင်ပြင်ရှိနေတယ်။ လက်နက်ကြိးတွေနဲ့ ရမ်းသမ်းပစ်နေတာ ၂ ရက်ရှိပြီ”ဟု PPDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ပွဲ ဖြစ်နေစဉ်နှင့် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ၏ (၂၈၅)တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပစ် ခတ်လျက်ရှိကြောင်း PPDF က ထုတ်ပြန် သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ယနေ့ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးရှိသော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးဝန်းကျင်နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အနီးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃ရက်မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်သုံ့ပန်း ၁ဦး ဖမ်းမိပြီး၊ ဒရုန်း ၃စီး ဖျက်စီးနိုင်ဟု မိုးဗြဲ PDF ထုတ်ပြန်

သတင်း

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျောက်ခက်ဒေသထဲကို ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ KNU ပူးပေါင်းတပ်တို့အကြားသဲဖြူချောင်းရွာအနီးမှာတိုက်ပွဲတွေဆက်ရှိနေပြီး အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။