Connect with us

Hi, what are you looking for?

သတင်း

က​လေး​​ဒေသရှိစစ်​ဘေး​ရှောင်စခန်းသွားရာလမ်းများကိုစစ်​ကောင်စီတပ်ကပိတ်ဆို့ထား၍စစ်​ဘေး​ရှောင်​လေး​သောင်း​ကျော်ကူညီ​ရေး အခက်ကြုံ

ကလေးမြို့ နတ်ချောင်း၊ နတ်မြောင်းနှင့် ချောင်းခွရွာအပါအဝင် ကျေးရွာ ၁၆ ရွာမှ ဒေသခံ လေးသောင်းငါးထောင်ခန့်အတွက် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရခြင်းဟုဒေသခံများကယနေ့(မေ ၂၇ရက်)ပြောကြားသည်။

(ကလေးဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးထားပြီး​နောက်မြင်ကွင်းအချို့။ ။ဓါတ်ပုံ-CJ)

ကလေးဒေသရှိယာယီစစ်ဘေးရှောင်စခန်းသို့ သွားရာ လမ်းများကို စစ်ကောင်စီက ပိတ်ဆို့ထား၍ စစ်ဘေးရှောင် လေးသောင်းကျော်အတွက် စားနပ်ရိက္ခာသယ်ယူရေး အခက်အခဲကြုံတွေ့နေရသည်။

ကလေးမြို့ နတ်ချောင်း၊ နတ်မြောင်းနှင့် ချောင်းခွရွာအပါအဝင် ကျေးရွာ ၁၆ ရွာမှ ဒေသခံ လေးသောင်းငါးထောင်ခန့်အတွက် စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရခြင်းဟုဒေသခံများကယနေ့(မေ ၂၇ရက်)ပြောကြားသည်။

“ယာယီစစ်ရှောင်စခန်းပတ်ချာလည် လမ်းတွေမှာ သူတို့(စစ်ကောင်စီ)ကပိတ်ပြီးထားတော့ကြံဖန်ပြီးသွားလာနေရတယ်။ သူများက လှူမယ်ဆိုရင်တောင် ပစ္စည်းသယ်ဖို့ တော်တော် အခက်အခဲ ရှိတယ်”ဟုစစ်ဘေးရှောင်တစ်ဦးကပြောသည်။

(ကလေးဒေသကို အကြမ်းဖက်စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးထားပြီး​နောက်မြင်ကွင်းအချို့။ ။ဓါတ်ပုံ-CJ)

ကလေးမြို့နယ်တွင် စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တိမ်းရှောင်နေရသည့် ကျေးရွာများအတွက် မိုးတွင်းကာလ စားနပ်ရိက္ခာအရေးသည် အလွန်ကြီးမားသည့် ပြဿ
နာဖြစ်လာနိုင်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“စစ်ဘေးရှောင်နေရတာက စုစုပေါင်း လေးသောင်းခွဲကျော်ပြီ။ ရွာကို ပြန်ဖို့လည်း မရဲကြတော့ ယာယီစစ်ရှောင်စခန်းမှာ ကျပ်ကျပ်တည်းတည်း နေကြရတယ်” ဟုစစ်ဘေးရှောင်တစ်ဦးကပြောသည်။

Public Service Announcement

စစ်ကောင်စီအား ခုခံတော်လှန်စစ်အားကောင်းသည့် ကလေးဒေသတွင် စစ်ကောင်စီတပ်ဖွဲ့များက အရပ်သားနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။ အထက်ဖော်ပြပါ စစ်ဘေးရှောင် လေးသောင်းငါးထောင်ခန့်သည် ၂၀၂၁ ဒီဇင်ဘာလကစ၍ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသူများဖြစ်သည်။

ယာယီစစ်ဘေးရှောင်စခန်းအများစုတွင် စားဝတ်နေရေး ပြဿနာများ ရင်ဆိုင်နေရပြီး အကူအညီများလိုအပ်နေသည်ဟု ကာယကံရှင်စစ်ဘေးရှောင်များက ပြောသည်။ မေလဆန်းပိုင်းက ဖြစ်ရပ်တစ်ခုတွင်လေပြင်းဘေးကြုံခဲ့ပြီး စစ်ဘေးရှောင်ကလေးငယ်တစ်ဦးသစ်ကိုင်းပိ၍သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများ၏ စားနပ်ရိက္ခာအရေးနှင့် လူသားချင်း စာနာထောက်ထားမှုအကူ အညီများကို ရည်ရွယ်ချက်ရှ်ိရှိ ပိတ်ပင်နေပြီးမြန်မာနိုင်ငံတွင်စစ်တပ်
အာဏာသိမ်းထားသမျှ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလုံးဝရရှိမှာ မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကထုတ်ဖော်ပြောကြားထားသည်။

မေ၁၉ ရက်ကပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေး – ပဋိပက္ခနဲ့ စားနပ်ရိက္ခာလုံခြုံရေးဆိုင်ရာ တံခါးဖွင့်အစည်းအဝေးတွင်သံ အမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook