Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့ အထက်တန်း​ကျောင်း ပေါက်ကွဲမှုမှာ စစ်​ကောင်စီလက်ချက်ဟု မြိတ်(ပကဖ) ​ပြော

အဆိုပါ ဖောက်ခွဲမှုကို စစ်ကောင်စီဘက်ကဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မြိတ်တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကြား အထင်အမြင်လွဲမှားအောင်ပုံဖျက်တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟုလည်း ​ဖော်ပြထားသည်။

မြိတ်မြို့ အထက်တန်း​ကျောင်း ပေါက်ကွဲမှု

မြိတ်မြို့ အထက်တန်းကျောင်းတွင် မိုင်းနှစ်လုံး ပေါက်ကွဲမှုဖြစ်စဥ်မှာ ဒေသခံကာကွယ်ရေးတပ်များက ပြုလုပ်ခြင်းမဟုတ်ဘဲ စစ်ကောင်စီက အထင်မှားအောင် ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။

မြိတ်မြို့နယ် မြိတ်တောင်နယ်မြေ မြို့သစ်ရပ် အ.ထ.က (၇)အထက်တန်းကျောင်းအနောက်ဘက် မြို့သစ်ဈေးအနီးတွင် ယမန့်နေ့ (မေလ ၂၆ရက်) ညနေ ၆နာရီနှင့် ယနေ့ (မေ ၂၇ရက်) နံနက် ၉နာရီခွဲတွင် မိုင်းနှစ်လုံး ပေါက်ကွဲခဲ့မှုအပေါ် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခြင်း ဖြစ်သည်။

အဆိုပါ ဖောက်ခွဲမှုကို စစ်ကောင်စီဘက်ကဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မြိတ်တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုကြား အထင်အမြင်လွဲမှားအောင်ပုံဖျက်တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟုလည်း ​ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်ခြင်းကိုလည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဟု မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဆိုသည်။

Public Service Announcement

Public Service Announcement

“ပြည်သူလူထုနဲ့ အရပ်ဖက်ပစ်မှတ်တွေမတိုက်ခိုက်ဖို့က ကျွန်တော်တို့ရဲ့ လိုက်နာရမယ့်ကျင့်ဝတ်ပါ။ ဒီလိုလုပ်ရပ်တွေလက်ခံနိုင်စရာမရှိပါဘူး”ဟု တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့ လက်ပါး စေအဖွဲ့၏ နောက်ဆုံးထွက်ပေါက်အနေဖြင့် ယုတ်မာကောက်ကျစ်မှုကို သတိကြီးစွာထားရန်လည်း (ပကဖ) က တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။