Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ထန်းတော​ရွာ စစ်ကောင်စီတပ် ညအိပ်တည်းခိုပြီးနောက်ပြန်အထွက်တွင် မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်၃ဝကျော် မီးလောင်ပျက်စီး

စစ်​ကောင်စီတပ်များ ရွာထဲထပ်မံဝင်​ရောက်လာမည်စိုး၍ ထန်း​တောရွာအပါအဝင် အနီးနားရှိ ​လေးတွင်းစဥ်ရွာမှ ပြည်သူ တ​စ်ထောင်​ကျော် ထွက်​ပြေးတိမ်း​ရှောင်​နေရကြောင်း ဒေသခံများက ပြောသည်။

(ထန်း​တောရွာမှ မီး​​လောင်ပြာကျသွား​သော နေအိမ်များအား တွေ့ရစဥ်။ ဓါတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဧရာဝတီမြစ်ဘေးရှိ ထန်းတော​ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ညအိပ်တည်းခိုပြီးနောက် ပြန်အထွက်တွင် မီးရှို့ဖျက်ဆီးခဲ့၍ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်၃ဝ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလ ၂၆ ရက် ညနေပိုင်းက ကန့်ဘလူမြို့နယ် မလည်ရွာမှ စစ်​ကြောင်းထိုးလာသည့် ဟုမ္မလင်းအ​ခြေစိုက် ခမရ (၃၆၉)တပ်မှ အင်အား ၁၀၀ဝန်းကျင်ပါ အကြမ်းဖက်စစ်တပ်သည် ထန်း​တောရွာကို ညအိပ်တပ်စွဲပြီး​နောက် ယမန်နေ့( ​မေလ ၂၇ ရက်)နံနက်အ​စောပိုင်းတွင် ရွာကို မီးရှို့ပြီး ထွက်ခွာသွား​ကြောင်း ​ဒေသခံများက ပြောသည်။

ထန်းတောရွာသည် ကန့်ဘလူမြို့နယ် အ​ရှေ့​တောင်ခြမ်း ဧရာဝတီမြစ်ရိုးအနီးတွင်တည်ရှိပြီး အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရွာဦးဘုန်း​ကြီး​ကျောင်းမှ ​ကျောင်း​ဆောင် တစ်ဆောင်နှင့် စည်​တော်စင်အပါအဝင် ထန်း​တောရွာ ရွာလယ်လမ်းမ၏ အ​ရှေ့ဘက်ခြမ်းမှ နေအိမ်၃၅လုံးခန့် ပြာကျပျက်စီးသွားကြောင်း ကန့်လူနယ်မှ Infinity Group က ပြောသည်။

ပြီးခဲ့သည့် မေလ ၂၀ ရက်​က ထန်း​တောရွာအနီးတွင် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့​သေးသည်။

Public Service Announcement

Public Service Announcement

ထိုနေ့က အကြမ်းဖက်စစ်တပ်က ဆုတ်ခွာသွားချိန် ထန်း​တောရွာခံ အသက် ၅၀ ​ကျော်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီး ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

စစ်​ကောင်စီတပ်များ ရွာထဲထပ်မံဝင်​ရောက်လာမည်စိုး၍ ထန်း​တောရွာအပါအဝင် အနီးနားရှိ ​လေးတွင်းစဥ်ရွာမှ ပြည်သူ တ​စ်ထောင်​ကျော် ထွက်​ပြေးတိမ်း​ရှောင်​နေရကြောင်း ဒေသခံများက ပြောသည်။

စစ်​ကောင်စီတပ်သည် ယခင်ရက်ပိုင်းအတွင်းကလည်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည် အနောက်ခြမ်းရှိ ရေနံမှော်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၁ လုံးပါ ပြာကျခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook