Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တာဝေးပစ်ခတ်နိုင်စွမ်းရှ်ိသော လက်နက်ကြီးတစ်မျိုးကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တီထွင်ထုတ်လုပ်

“ကျွန်တို့မှာရှိတဲ့အသက်နဲ့ခန္ဓာကို ရင်းပြီး ကျွန်တော်တို့လက်ထဲမှာရှိတဲ့ လက်နက်ခဲယမ်းမှန်သမျှနဲ့ စစ်အာဏာရှင်တွေကို အဆုံးထိ တော်လှန်တိုက်ခိုက်သွားမည်” ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူထုအား ပြောကြားထားသည်။

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

တာဝေးပစ်ခတ်နိုင်စွမ်းရှ်ိသော လက်နက်ကြီးတစ်မျိုးကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တီထွင်နိုင်ခဲ့ပြီး ယင်းလက်နက်ကြီးအမျိုးအစားကို”ဖက်ဒရယ်မိုးကြိုး” ဟု အမည်ပေးလိုက်သည်။

လက်နက်ကြီးအား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်းမှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွက် အသုံးပြုမည်ဖြစ်၍ “ဖက်ဒရယ်မိုးကြိုး”ဟု အမည်ပေးခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။

“အသက်တွေနဲ့ရင်းပြီး ထုတ်လုပ်လိုက် စမ်းသပ်လိုက်ဖြင့် ဇွဲမလျှော့ပဲကြိုးစားခဲ့ခြင်းတွေရဲ့ အသီးအပွင့်တွေ ဖူးပွင့်ဝေဆာခဲ့ပါပြီ ။ တာဝေး/တာနီး နှစ်မျိုးစလုံးပစ်ခတ်နိုင်တဲ့ လက်နက်ကြီးနည်းပညာကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပါပြီ” ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Yesagyo PDF)က သတင်းထုတ်ပြန်သည်။

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မေလလယ်ခန့်ကလည်း လက်လုပ်သေနတ်များတီထွင် ထုတ်လုပ်ခဲ့ပြီး တိုက်ပွဲဝင်ရဲဘော်များ ပိုပြိးဘေးကင်းလုံခြုံစိတ်ချရသော နောက်ထပ် အမျိုးစား အသစ်တစ်မျိုးကိုလဲ ထုတ်လုပ်ရေးရဲဘော်များက စီမံကိန်းချပြီး ထုတ်လုပ်နေကြောင်း ကြိုတင်အသိပေးခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယင်းစီမံကိန်းမှ ထွက်ပေါ်လာသော လက်နက်သည် ဖက်ဒရယ်မိုးကြိုးအမည်ရ လက်နက်ကြီးဟု ဆိုသည်။

“ကျွန်တို့မှာရှိတဲ့အသက်နဲ့ခန္ဓာကို ရင်းပြီး ကျွန်တော်တို့လက်ထဲမှာရှိတဲ့ လက်နက်ခဲယမ်းမှန်သမျှနဲ့ စစ်အာဏာရှင်တွေကို အဆုံးထိ တော်လှန်တိုက်ခိုက်သွားမည်” ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူထုအား ပြောကြားထားသည်။

ယမန်နေ့(မေလ ၂၈ရက်)က ရေစကြိုမြို့နယ် ၊ဇီးကုန်းကျေးရွာနှင့် ဆင်ချောင်းကျေးရွာကြားရှိ လယ်ကြီးတံတားအနီးတွင် စစ်ကောင်စီကားကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။