Connect with us

Hi, what are you looking for?

သတင်း

တာဝေးပစ်ခတ်နိုင်စွမ်းရှ်ိသော လက်နက်ကြီးတစ်မျိုးကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တီထွင်ထုတ်လုပ်

“ကျွန်တို့မှာရှိတဲ့အသက်နဲ့ခန္ဓာကို ရင်းပြီး ကျွန်တော်တို့လက်ထဲမှာရှိတဲ့ လက်နက်ခဲယမ်းမှန်သမျှနဲ့ စစ်အာဏာရှင်တွေကို အဆုံးထိ တော်လှန်တိုက်ခိုက်သွားမည်” ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူထုအား ပြောကြားထားသည်။

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

တာဝေးပစ်ခတ်နိုင်စွမ်းရှ်ိသော လက်နက်ကြီးတစ်မျိုးကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တီထွင်နိုင်ခဲ့ပြီး ယင်းလက်နက်ကြီးအမျိုးအစားကို”ဖက်ဒရယ်မိုးကြိုး” ဟု အမည်ပေးလိုက်သည်။

လက်နက်ကြီးအား အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်းမှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွက် အသုံးပြုမည်ဖြစ်၍ “ဖက်ဒရယ်မိုးကြိုး”ဟု အမည်ပေးခြင်းဖြစ်ကြောင်း ရှင်းပြထားသည်။

“အသက်တွေနဲ့ရင်းပြီး ထုတ်လုပ်လိုက် စမ်းသပ်လိုက်ဖြင့် ဇွဲမလျှော့ပဲကြိုးစားခဲ့ခြင်းတွေရဲ့ အသီးအပွင့်တွေ ဖူးပွင့်ဝေဆာခဲ့ပါပြီ ။ တာဝေး/တာနီး နှစ်မျိုးစလုံးပစ်ခတ်နိုင်တဲ့ လက်နက်ကြီးနည်းပညာကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပါပြီ” ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Yesagyo PDF)က သတင်းထုတ်ပြန်သည်။

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မေလလယ်ခန့်ကလည်း လက်လုပ်သေနတ်များတီထွင် ထုတ်လုပ်ခဲ့ပြီး တိုက်ပွဲဝင်ရဲဘော်များ ပိုပြိးဘေးကင်းလုံခြုံစိတ်ချရသော နောက်ထပ် အမျိုးစား အသစ်တစ်မျိုးကိုလဲ ထုတ်လုပ်ရေးရဲဘော်များက စီမံကိန်းချပြီး ထုတ်လုပ်နေကြောင်း ကြိုတင်အသိပေးခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယင်းစီမံကိန်းမှ ထွက်ပေါ်လာသော လက်နက်သည် ဖက်ဒရယ်မိုးကြိုးအမည်ရ လက်နက်ကြီးဟု ဆိုသည်။

“ကျွန်တို့မှာရှိတဲ့အသက်နဲ့ခန္ဓာကို ရင်းပြီး ကျွန်တော်တို့လက်ထဲမှာရှိတဲ့ လက်နက်ခဲယမ်းမှန်သမျှနဲ့ စစ်အာဏာရှင်တွေကို အဆုံးထိ တော်လှန်တိုက်ခိုက်သွားမည်” ဟု ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လူထုအား ပြောကြားထားသည်။

ယမန်နေ့(မေလ ၂၈ရက်)က ရေစကြိုမြို့နယ် ၊ဇီးကုန်းကျေးရွာနှင့် ဆင်ချောင်းကျေးရွာကြားရှိ လယ်ကြီးတံတားအနီးတွင် စစ်ကောင်စီကားကို ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သေးသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ် တိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ