Connect with us

Hi, what are you looking for?

သတင်း

မတ္တရာနယ်ရှိ PDFစခန်း လိုက်လံပြသသူ စစ်ကောင်စီသတင်းပေးတစ်ဦး ပစ်သတ်ခံရဟု ဒေသခံပြော

“အခု ည ၈နာရီခွဲမှာ ကုလားလို့အမည်ရတဲ့ အသက် ၂၆နှစ်အရွယ်ရှိတဲ့ တစ်ယောက် အုန်းလွတ်ရွာမှာ အပစ်ခံရတယ်။ သေပြီလို့ကြားတယ်”ဟု မတ္တရာနယ်ခံက ယနေ့ (မေလ ၂၉ရက်) ပြောသည်။

မတ္တရာနယ်
မတ္တရာနယ်

မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း မတ္တရာဒေသခံက ပြောသည်။

“အခု ည ၈နာရီခွဲမှာ ကုလားလို့အမည်ရတဲ့ အသက် ၂၆နှစ်အရွယ်ရှိတဲ့ တစ်ယောက် အုန်းလွတ်ရွာမှာ အပစ်ခံရတယ်။ သေပြီလို့ကြားတယ်”ဟု မတ္တရာနယ်ခံက ယနေ့ (မေလ ၂၉ရက်) ပြောသည်။

ပစ်ခတ်ခံရသည့် ကုလားဆိုသူသည် စစ်ကောင်စီတပ်များ လာရောက်ပါက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းကို လိုက်လံပြသခဲ့သူ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူက စခတွေကို လမ်းကြောင်းလိုက်ပြတယ်။ စခန်းက လူတွေက အင်အားမမျှလို့ပြေးကြရင် သူက နောက်ကနေ စားသောက်ရိက္ခာတွေခိုးတယ်။ လူအသုံးအဆောင်ပစ္စည်းတွေခိုးတယ်။ လှည်းနဲ့တိုက်ပြီးတော့ကို ခိုးတာ။ အရှေ့မှာ တစ်ခုမိထားဖူးတယ် ဒီနေ့တော့ ၈နာရီခွဲမှာ အပစ်ခံရတာ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို မသိရသော်လည်း လက်လုပ်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းများ ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်နေရာ ကင်းရွာ၌ စစ်ကောင်စီတပ်အင်အား ၄၀ခန့်ရှိပြီး မတ္တရာ – မန္တလေးလမ်း ထီးတော်မိုး စစ်တပ်၌ ကား ၁၀စီးဖြင့် အင်အား ၂၀၀ ခန့်ရောက်နေကြောင်း၊ ထို့ပြင် ပြင်ဦးလွင် ဘက်မှစစ်ကြောင်းတစ်ကြောင်း အင်အား ၁၀၀ ကျော်ဖြင့် မတ္တရာနယ်သို့ ဝင်ရောက်လာနေသည်ဟု သတင်းရကြောင်း မတ္တရာဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်