Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ် ပြည်သူ့​နေအိမ်များမီးရှို့​ခြင်းရပ်တန့်​​ရန် ​ရွှေဆံပင်ဆရာ​တော်​တောင်းဆို

ဆရာတော်ဦးဆောင်ဖွင့်လှစ်ထားသည့် ရွှေဆံပင်တံတားစခန်းပညာဒါနကျောင်းမှာလည်း မဖွင့်နိုင်သေးဘဲ မီးဘေးစစ်​ဘေး ဒုက္ခသည် ၅၀၀ ကျော် စောင့်ရှောက်ထားသ​ည်ဟု သိရသည်။

(လည်ငေါက်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ။ဓါတ်ပုံ-အရှင်ဝေပုလ္လ​ထေစ်ဘွခ်)
(လည်ငေါက်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ။ဓါတ်ပုံ-အရှင်ဝေပုလ္လ​ထေစ်ဘွခ်)

ပြည်သူများ၏ နေအိမ်များအား စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများရပ်တန့်ပေးရန် ယင်းမာပင်မြို့နယ်ရှိ ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက တောင်းဆိုလိုက်သည်။

ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများနှင့်ပတ်သက်၍ ရွှေဆံပင်တံတားအပါအဝင် ပရဟိတအလုပ်များဖြင့် ထင်ရှားသည့် ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လက တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဆရာတော်သည် ၂၀၀၇ ခုနှစ်ကစတင်ကာ လည်ငေါက်ရွာနှင့် ယင်းမာပင်မြို့နယ်အတွင်း တံတားအစင်းပေါင်း၃၀ခန့် ထိုးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် လူသိများသည့်ဆရာတော်တစ်ပါးဖြစ်သည်။

(လည်ငေါက်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ။ဓါတ်ပုံ-အရှင်ဝေပုလ္လ​ထေစ်ဘွခ်)
(လည်ငေါက်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ။ဓါတ်ပုံ-အရှင်ဝေပုလ္လ​ထေစ်ဘွခ်)

အကြမ်းဖက်စစ်တပ်သည်မေလ ၂၈ရက်နေ့ကယင်းမာပင်မြို့နယ်၊ အလောင်းတော်ကဿပလမ်းခွဲ၊ ရွှေဆံပင်တံတားလမ်းထိပ်ရှိ လည်ငေါက်ရွာအား နံနက် ၁ နာရီခန့်တွင်တစ်ကြိမ်၊ မွန်းတည့် ၁၂ နာရီခန့်တွင်တစ်ကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

“တချို့အိမ်တွေဆိုနှစ်ထပ်အိမ်တွေကာလတန်ကြေး သိန်းလေးငါးရာလောက် တန်လိမ့်မယ်။တောသူတောင်သားတွေမှာ အိမ်တစ်လုံးဆောက်ဖို့ ဆယ်နှစ်လောက်ကြိုးစားရုန်းကန်ရပါတယ်။ခုတော့ နာရီပိုင်းအတွင်းမှာ ပြာပုံဖြစ်သွားရရှာပြီ။.. ။ဒီအကုသိုလ်တွေကလွန်ကျူးသူရော စေခိုင်းသူပါ သံသရာမှာ လူမွှေးမပြောင်အောင် ခံကြရမှာပါ။ကိုယ့်ပြည်သူကိုမီးရှို့တဲ့လုပ်ရပ်ကြီးတွေကအတော်ကိုဆိုးဝါးလွန်းပါတယ်။မကောင်းတဲ့လုပ်ရပ်ကို ရပ်တန့်တာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ကိုယ့်ပြည်သူတွေပဲကွာ။”ဟု ဆရာတော်က မိန့်ကြားသည်။

ဆက်လက်၍လည်း “ပြည်သူကိုမီးရှို့တဲ့လုပ်ရပ်ကြီးကိုတော့ အမြန်ဆုံးရပ်ကြဖို့ တောင်းပန်ပါတယ်ဗျာ”ဟုဆရာ​တော်ကမိန့်သည်။

(လည်ငေါက်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ။ဓါတ်ပုံ-အရှင်ဝေပုလ္လ​ထေစ်ဘွခ်)
(လည်ငေါက်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ။ဓါတ်ပုံ-အရှင်ဝေပုလ္လ​ထေစ်ဘွခ်)

ယခင်လပိုင်းအတွင်းကလည်း ပုလဲမြို့နယ်သီတင်းရွာ မီးရှို့ခံရချိန် မုံရွာမြို့မဟာဇောတိကကျောင်းရှိ နိုင်ငံတော်သံဃမဟာနာယက ဦးဂါရဝ၏ ငယ်ဆရာဖြစ်သော သက်တော်၉၈နှစ်နိုင်ငံတော်သြဝါဒါစရိယ သီတင်းဆရာတော်ကြီးကို တပည့်များက ဆိုင်ကယ်၊ ထွေလာဂျီများဖြင့် အတင်းပင့်ဆောင်ထွက်ပြေးခဲ့ရကြောင်း၊ ထိုဆရာတော်ကြီးကျောင်းအပါအဝင်အိမ်၁၂၀ ကျော်လက်နက်ကြီးများ​ဖြင့် ပစ်ခတ်မီးရှို့ခံရကြောင်း ရွှေဆံပင်ဆရာတော်က မိန့်သည်။

ဆရာတော်ဦးဆောင်ဖွင့်လှစ်ထားသည့် ရွှေဆံပင်တံတားစခန်းပညာဒါနကျောင်းမှာလည်း မဖွင့်နိုင်သေးဘဲ မီးဘေးစစ်​ဘေး ဒုက္ခသည် ၅၀၀ ကျော် စောင့်ရှောက်ထားသ​ည်ဟု သိရသည်။

ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသဖြင့် ပျက်စီးဆုံးရှုံးမှုအတိအကျ မသိရသေးကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင် နှစ်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ပေါင်းနှစ်ထောင်ကျော် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။