Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်၊ တမ​ဆေးကန်တိုက်ပွဲ စစ်​ကောင်စီတပ်​လေ​ကြောင်းပစ်ကူသုံး​သော်လည်း စစ်သား ၂၀ ​ကျော်​သေ

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။

(မြောင်အခြေစိုက်အဖွဲ့တစ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)
(မြောင်အခြေစိုက်အဖွဲ့တစ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကိုတွေ့ရစဥ် ။ ။ဓါတ်ပုံ-CJ)

●PDF တစ်ဦးကျဆုံးပြီး ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊တမ​ဆေးကန်​ကျေးရွာအနီးတိုက်ပွဲတွင် စစ်​ကောင်စီတပ်ကလေကြောင်းပစ်ကူပါအသုံးပြု တိုက်ခိုက်ခံခဲ့​သော်လည်း စစ်သား ၂၀ ဦး​ကျော်သေဆုံးကြောင်း Seven People Defence Force က ထုတ်ပြန်ကြေညာသည်။

ယမန်နေ့(မေလ ၂၉ရက်နေ့)ညနေပိုင်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ တမဆေးကန်ကျေးရွာ၌ အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များသုံးနာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲချိန်သုံးနာရီကျော်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးနိုင်ကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးအား မြောင်နယ်ရှိ မဟာမိတ်တပ်ပေါင်းစုများနှင့် MS PDF ၊မြေလတ် -PDF (MGN District) ၊TTA ပြောက်ကျားတပ်ဖွဲ့ ၊ Seven People Defence Force ၊ 27 Revolution Force အစရှိသည့် အဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့် မနားတမ်းပြန်လည်ပစ်ခတ်မှုကြောင့် ဒေသခံ မဟာမိတ်တပ်ပေါင်းစုအဖွဲ့မှPDFရဲဘော် တစ်ဦးကျဆုံးခဲ့ရပြီး ( ၇ ) ဦးဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ကြောင်း Seven People Defence Forceက ပြောသည်။

အကြမ်းဖက်စစ်တပ်က ​သေဆုံးမှုများကာအထိနာပြီး​နောက်ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပြည်သူကာကွယ်ရေး ရဲဘော်များ အချိန်မှီပြန်လည်ဆုတ်ခွါနိုင်ခဲ့သည်ဟု Seven People Defence Forceက ပြောသည်။

တိုက်ပွဲထိတွေ့ချိန် ကြာမြင့်‌ခဲ့ပြီး စစ်သုံးစရိတ်ကုန်ကျမှုလည်းများပြားခဲ့ကြောင်း၊ တစ်ဖွဲ့လျှင် ခန့်မှန်း သိန်း(၁၅၀)ကျော်ခန့် ကုန်ကျခဲ့ရပြီးအာဏာရှင်စနစ်အမြစ်ပြတ်တော်လှန်နိုင်ရန်အတွက် ပိုမိုပံ့ပိုးကူညီပေးကြရန် Seven People Defence Forceက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မြောင်မြို့နယ်အတွင်း ကျေးရွာများအား မေလလယ်မှစတင်ကာ အကြမ်းဖက်စစ်ကြောင်းထိုးနေပြီး နှစ်ပတ်အတွင်း ကျေးရွာ ၇ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။