Connect with us

Hi, what are you looking for?

သတင်း

မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါအဖြစ် ဆက်လက်မပါဝင်ရန် ရင်းနှီးမြှုပ်နှံသူများကို JFM တောင်းဆို

LOTTE ဟိုတယ်၌ ဟောင်ကောင်၊ ထိုင်းနှင့် စင်္ကာပူ ကုန်သည်ကြီးများအသင်းများ ပူးပေါင်းစီစဉ် သည့် အခမ်းအနားတစ်ခုကို ဟောင်ကောင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးက ပံ့ပိုးကူညီပေးနေ ပြီး ပါဝင်သည့် ကုန်သည်ကြီးများအသင်းများအနေဖြင့် ယင်းအခမ်းအနားပူးတွဲစီစဉ်သူ အဖြစ်မှ နုတ်ထွက်ရန် လိုအပ်ကြောင်း JFM က တိုက်တွန်းသည်။

LOTTE ဟိုတယ်ကို ​အ​ပေါ်စီးမှ​တွေရစဥ်။ဓါတ်ပုံ-ကိုရီးယားတိုင်းမ်
LOTTE ဟိုတယ်ကို ​အ​ပေါ်စီးမှ​တွေရစဥ်။ဓါတ်ပုံ-ကိုရီးယားတိုင်းမ်

စစ်​ထောက်ချုပ်ရုံးကိုရန်ကုန်​ငွေ​ထောက်ပံ့​​နေ​သောLOTTEဟိုတယ်၊ Sule Squareနှင့် Vpower စ​သောကုမ္ပဏီများမှာစစ်ရာဇဝတ်မှုများတွင်ကြံရာပါဖြစ်​

မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်နေဆဲ ကုမ္ပဏီများကို သ ပိတ်မှောက်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ရုတ်သိမ်းရန် Justice for Myanmar က တောင်းဆိုသည်။

စစ်ထောက်ချုပ်ရုံးကို ရန်ပုံငွေထောက်ပံ့နေသည့် LOTTE ဟိုတယ် နှင့် Sule Square စီမံကိန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နှင့်ပတ်သက်နေသည့် VPower အပါအဝင် အကြမ်းဖက်စစ် တပ်၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပါဝင်နေသည့် ကုမ္ပဏီများဖြစ်ကြောင်း JFM ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Sule Square စီမံကန်း။ ဓါတ်ပုံ-CE
Sule Square စီမံကန်း။ ဓါတ်ပုံ-CE

“သူတို့ရဲ့ စီးပွားရေးအကျိုးအမြတ်တွေအတွက် မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေမှာ ငွေကြေးထောက်ပံ့နေကြတာ ဖြစ်ပါတယ်။ ကုမ္ပဏီအားလုံးကို အကြမ်းဖက်မြန်မာစစ်တပ်နဲ့ သူ့ရဲ့ လုပ်ငန်းစုကြီးတွေနဲ့ ဆက်နွယ်မှုတွေကို ဖြတ်တောက်ဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု JFM က ဆိုသည်။

Public Service Announcement

Public Service Announcement

LOTTE ဟိုတယ်၌ ဟောင်ကောင်၊ ထိုင်းနှင့် စင်္ကာပူ ကုန်သည်ကြီးများအသင်းများ ပူးပေါင်းစီစဉ် သည့် အခမ်းအနားတစ်ခုကို ဟောင်ကောင် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးက ပံ့ပိုးကူညီပေးနေ ပြီး ပါဝင်သည့် ကုန်သည်ကြီးများအသင်းများအနေဖြင့် ယင်းအခမ်းအနားပူးတွဲစီစဉ်သူ အဖြစ်မှ နုတ်ထွက်ရန် လိုအပ်ကြောင်း JFM က တိုက်တွန်းသည်။

မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်း MCCOC သည် အဆိုပါအခမ်းအနားတွင် ပူးတွဲစီစဉ်သူအဖြစ်မှ နုတ်ထွက်ထားပြီး အခမ်းအနားတွင် ပါဝင်တော့မည်မဟုတ်ဟု JFM သိရှိထား သည်။

မြန်မာပြည်သူများအပေါ် စစ်တပ်က ကျူးလွန်သော အကြမ်းဖက် စစ်ဆင်ရေးများ၌ အသုံးပြုသည့် စစ်လက်နက်များကို အဓိကဝယ်ယူပေးနေသော စစ်ထောက်ချုပ်ရုံးကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စင်ကာပူအစိုးရက မပယ်ဖျက်ရ​သေးတဲ့ ကုမ္ပဏီ၁၃ ခုထဲမှာလက်နက်ပွဲစားကွန်ယက်ကုမ္ပဏီ​တွေပါ​နေပြီအ​ရေးယူ​​ပေးဖို့တိုက်တွန်း

သတင်း

KDDI နဲ့ Sumitomo Corporation တို့အနေနဲ့စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ‌လုပ်‌ဆောင်နေတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ Justice For Myanmar(JFM) အပါအဝင် ဂျပန်အခြေစိုက် အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။