Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော်မြို့အရှေ့ခြမ်းသို့ ခလရ (၅၃၀)က အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာဟု KNDF အသိ​ပေး

ယမန်နေ့ကလည်း ဖရူဆိုမြို့နယ် ထားလဲကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တို့ တနေကုန် နီးပါးတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုကို မသိရသေးပေ။

(KNDF ရဲ​ဘော်များအား ​တွေ့ရစဥ်)
(KNDF ရဲ​ဘော်များအား ​တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းသို့ ခလရ (၅၃၀)မှ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF) B – 14က ထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းမှာ ကျိုင်းတုံ နှင့် လင်ဖုံ ရွာအနီးသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ဝင်ရောက်ခြင်းဖြစ်သောကြောင့် ပြည်သူများအထူး ဂရုပြုရန်လည်း အသိပေးသည်။

“ထိတွေမှုတော့ မရှိသေးဘူး။သူတို့ဘက်က တစ်ဖက်သတ်ပစ်နေတာ။မနက် ၇ နာရီလောက်က ရန် သူ့စစ်ကြောင်း စဝင်လာနေတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

ထို့အပြင် ယမန်နေ(ဇွန် ၁ရက်)နေ့တွင် စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခက်မှုကြောင့် လွိုင်ကော်ဒေသတွင် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူအချို့ရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက် စုံစမ်းနေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း ဖရူဆိုမြို့နယ် ထားလဲကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တို့ တနေကုန် နီးပါးတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုကို မသိရသေးပေ။

ကရင်နီပြည်နယ်တွင် မေလနောက်ဆုံးပတ်အတွင်း ထိတွေ့တိုက်ပွဲ ခုနှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးထက် မနည်းသေဆုံးကာ KNDF ရဲဘော်တစ်ဦး နှင့် (၁၀၀၈) ခြေလျင်တပ်ရင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။