Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်မြို့အရှေ့ခြမ်းသို့ ခလရ (၅၃၀)က အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာဟု KNDF အသိ​ပေး

ယမန်နေ့ကလည်း ဖရူဆိုမြို့နယ် ထားလဲကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တို့ တနေကုန် နီးပါးတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုကို မသိရသေးပေ။

(KNDF ရဲ​ဘော်များအား ​တွေ့ရစဥ်)
(KNDF ရဲ​ဘော်များအား ​တွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ခြမ်းသို့ ခလရ (၅၃၀)မှ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် (KNDF) B – 14က ထုတ်ပြန်သည်။

စစ်ကောင်စီစစ်ကြောင်းမှာ ကျိုင်းတုံ နှင့် လင်ဖုံ ရွာအနီးသို့ လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ဝင်ရောက်ခြင်းဖြစ်သောကြောင့် ပြည်သူများအထူး ဂရုပြုရန်လည်း အသိပေးသည်။

“ထိတွေမှုတော့ မရှိသေးဘူး။သူတို့ဘက်က တစ်ဖက်သတ်ပစ်နေတာ။မနက် ၇ နာရီလောက်က ရန် သူ့စစ်ကြောင်း စဝင်လာနေတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

ထို့အပြင် ယမန်နေ(ဇွန် ၁ရက်)နေ့တွင် စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခက်မှုကြောင့် လွိုင်ကော်ဒေသတွင် ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူအချို့ရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက် စုံစမ်းနေသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း ဖရူဆိုမြို့နယ် ထားလဲကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားများကာကွယ် ရေးတပ်(KNDF)တို့ တနေကုန် နီးပါးတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှုကို မသိရသေးပေ။

ကရင်နီပြည်နယ်တွင် မေလနောက်ဆုံးပတ်အတွင်း ထိတွေ့တိုက်ပွဲ ခုနှစ်ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၇ ဦးထက် မနည်းသေဆုံးကာ KNDF ရဲဘော်တစ်ဦး နှင့် (၁၀၀၈) ခြေလျင်တပ်ရင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့၌ အင်အားအများအပြားအသုံးပြုထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား မြဝတီမြို့သို့မရောက်ရှိစေရန် ရဲဘော်များက ခက်ခက်ခဲခဲဖြင့် ကြားဖြတ်တိုက်ခိုက်နေသည်ဟု ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ခလရ (၂၇၅) ကစစ်​ကောင်စီတပ်ဟာ KNLA ၊ KNDO ၊ PDF ပူး​ပေါင်းတပ်​တွေရဲ့တိုက်ခိုက်မှု​ကြောင့် ဧပြီ ၁၀ ရက်ညကတည်းက နယ်စပ်မှာရှိတဲ့ အမှတ် (၂) တံတားနားကိုထွက်​ပြေးလာခဲ့ကြတာပါ။

သတင်း

ခလရ (၂၇၅ ) မှစစ်​ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းတိုက်ခိုက်ခံရပြီး တစ်ရက်ခွဲခန့်အကြာတွင် ဧပြီ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်တွင်စခန်းကို စွန့်ခွာထွက်​ပြေးသွားကြခြင်းဖြစ်​ကြောင်း စစ်​ရေးရင်းမြစ် နှစ်ခုက​ပြောကြားသည်။

သတင်း

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင်တာဝန်ထမ်း‌ ဆောင်ရန် တပ်ရင်းသို့ဆက်သွယ်လာသူများရှိနေပြီး စိစစ်လက်ခံလျက်ရှိကြောင်းလည်း အသိပေးသည်။