Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီအနေဖြင့် KNU၏ အုပ်ချုပ်ရေးလုပ်ငန်းများကို ဝင်ရောက်စွက်ဖက်မှုများရပ်တန့်ရန် KNLA တပ်မဟာ(၂) သတိပေး

KNLA တပ်မဟာ(၂) တပ်မှူးများ၏ ၆လပတ် အစည်း အဝေးအပြီး ဇွန်လ ၂ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

KNLA တပ်မဟာ(၂) သတိပေး
KNLA တပ်မဟာ(၂) သတိပေး

▪️မလိုက်နာပါက နောက်ဆက်တွဲအကျိုးဆက်များ တာဝန်ယူမည်မဟုတ်ဟု ကြေညာ

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်ရေးလုပ်ငန်းများကို အာဏာသိမ်းစစ်ကောင်စီက ဝင်ရောက်စွက် ဖက်မှုများ ရပ်တန့်ရန် KNUလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၂)က ယနေ့ ထုတ်ပြန်ခဲ့ပြီး မလိုက်နာပါက နောက်ဆက်တွဲအကျိုးဆက်များ တာဝန်ယူမည်မဟုတ်ကြောင်း ကြေညာခဲ့သည်။

KNLA တပ်မဟာ(၂) တပ်မှူးများ၏ ၆လပတ် အစည်း အဝေးအပြီး ဇွန်လ ၂ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

KNU တောင်ငူခရိုင် တပ်မဟာ(၂) နယ်မြေအတွင်း ရှိနှင့်နေပြီးသော KNUအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဌာနဆိုင်ရာ လုပ်ငန်းများ (ပညာရေး၊ ကျန်းမာရေး၊ သဘာ၀ ပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းကာကွယ်ရေး၊ လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်း၊ တရားစီရင်ရေး၊ သစ်တောနှင့် လယ်ယာကိစ္စရပ်များ၊ အခွန်တော်နှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ)အ၀၀တို့အား စစ်ကောင်စီမှ ဝင်ရောက်နှောက်ယှက်ခြင်းမပြုရန် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပြည်သူလူထုများ၏ လုပ်ငန်းခွင် သွားလာရေးများနှင့် ကုန်စည်ရိက္ခာ၊ သယ်ယူပို့ဆောင်ရေးများအား စစ်ကောင်စီမှ နှောက်ယှက်ဟန့်တား စစ်ဆေးနေမှုများအားရပ်တန့် ထုတ်ပြန်သည်။

အထူးသဖြင့် စကခ(၂၀)မှူး ဗိုလ်မှူးချုပ် ကိုကိုလွင်မှ KNU အုပ်ချုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်နှောက်ယှက်နေမှုများကို ရပ်တန့်ရန် အထူးသတိပေးလိုက်ပြီး ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက နောင်ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား တာဝန်ယူမည်မဟုတ်ဟု တပ်မဟာ(၂)မှ ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။