Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးတွင် မြို့နယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသော နေရာအများအပြား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကောင်စီ တပ်စွဲထားသော ပြည်ခိုင်ဖြိုးရုံး၊ စခန်းလိုင်းခန်း၊ ဘောလုံးကွင်းဖ indoor စခန်းဘန်ကာများ ကင်းပုန်းရှိရာနေများ မြို့နယ်မှူးအိမ်ယာ နှင့်တခြားနေရာများသို့
အသီးသီး လက်နက်ကြီးများ ထိမှန် ကျရောက်ခဲ့သည်ဟု SPDFက ဆိုသည်။

(SPDF နှင့် မဟာမိတ်များ စစ်ဆင်ရေးတစ်ခုတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရန် စီစဥ်နေစဥ်)
(SPDF နှင့် မဟာမိတ်များ စစ်ဆင်ရေးတစ်ခုတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ရန် စီစဥ်နေစဥ်)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် မြို့နယ်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသော နေရာအများအပြားအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Salingyi people Defence Force (S.P.D.F)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇွန်လ ၅ ရက်) ည ၁၀နာရီခန့်က ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော တည်နေရာများကို လက်နက်ကြီးဖြင့် အချက်ရေ ၁၂၀ကျော် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ဗိုလ်လေးအဆင့်ရှိသူ နှစ်ဦး၊ ရဲသုံးဦး ထိခိုက်
ဒဏ်ရာရရှိပြီး နှစ်ဦးမှာ ပြင်းထန်ကြောင်း SPDF က ပြောသည်။

Public Service Announcement

စစ်ကောင်စီ တပ်စွဲထားသော ပြည်ခိုင်ဖြိုးရုံး၊ စခန်းလိုင်းခန်း၊ ဘောလုံးကွင်းဖ indoor စခန်းဘန်ကာများ ကင်းပုန်းရှိရာနေများ မြို့နယ်မှူးအိမ်ယာ နှင့်တခြားနေရာများသို့
အသီးသီး လက်နက်ကြီးများ ထိမှန် ကျရောက်ခဲ့သည်ဟု SPDFက ဆိုသည်။

ထိုစစ်ဆင်ရေး ကို မဟာမိတ်ညီနောင်များဖြစ်သောSalingyi people Defence Force (S.P.D.F)၊ ချင်းတွင်းဂဋန်ရာဇာBEDငညိုလက်နက်ကြီးအဖွဲ့၊ Salingyi G.Z၊ One Star Task Force(OSTF)၊ သမန်းကျားတပ်ဖွဲ့ ၊Y.P.F၊S.R.A၊C.D.F၊ သေမင်းတမန်ပျောက်ကျားအဖွဲ့၊ စစ်သူကြီးအဖွဲ့၊ တောဘုရင်၊ Killers United၊ Federal Democratic Revolution Force၊ Brother Defence Force (B.D.F)၊Fight For Freedom (F.F.F) စသည့်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား နယ်ဒေသများတွင်သာမက မြို့ပေါ်တွင်ပါ မကြာခဏ ပစ်ခတ်တိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။