Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်အရပ်သားကားနှစ်စီးဖြင့်လာ​သောစစ်​သားများမိုင်းခွဲတိုက်ခိုက်ခံရအရာရှိအပါအဝင်​လေးဦး​သေဟုထုတ်ပြန်

FRF (CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီးပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကိုသတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် FRFက အသိပေးသည်။

(အကြမ်းဖက်စစ်တပ်ယာဥ်တန်းအားမုံရွာ-မန္တလေးလမ်းမပေါ်တွင်ဧပြီလကုန်ပိုင်းကတွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(အကြမ်းဖက်စစ်တပ်ယာဥ်တန်းအားမုံရွာ-မန္တလေးလမ်းမပေါ်တွင်ဧပြီလကုန်ပိုင်းကတွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်ဖွဲ့များ လိုက်ပါလာသော ပရာဒိုကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအရာရှိတစ်ဦးအပါအဝင်၄ဦးသေဆုံးကြောင်း Farmers Revolution Force FRF(CHU)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၆ရက်)နေ့ကစစ်ကိုင်းမြို့မှမုံရွာ – မန္တလေးလမ်းမကြီးအတိုင်းထွက်ခွာလာသည့် အရပ်ဝတ်စစ်ကောင်စီတပ်သားများမောင်းနှင်လာသောပါရာဒိုအနက်ရောင်အရာရှိစစ်​သားကား (၂) စီးအား မွန်းလွဲ ၂ နာရီခွဲခန့် တွင် ချောင်းဦးမြို့နှင့် မြင်းမူမြို့ကြားတွင် ပဒေသာမိုင်း​ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း FRF(CHU)အဖွဲ့က ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင်စစ်​ကောင်စီအရာရှိ(၁)ဦးအပါအဝင်စစ်ကောင်စီတပ်သား စုစုပေါင်း (၄)ဦး သေဆုံးပြီး (၃)ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း မြေပြင်သတင်းပေးပို့မှုများအရ အတည်ပြုနိုင်သည်ဟုလည်းအသိ​​ပေးထားသည်။

Public Service Announcement

“အဲဒီကားက မန္တလေးကနေ ဆင်းလာတာ။ အိမ်စီးကားဆိုတော့ သတင်းကိုသေချာအောင် ခိုင်မာအောင်စိစစ်ရတယ်။ ဘာလို့စိစစ်ရလဲဆိုတော့ကျွန်တော်တို့ကပြည်သူတစ်ယောက်တစ်ခုခုဖြစ်သွားမှာ အရမ်းစိုးပါတယ်။ သေချာစိစစ်ပြီးမှ ဆွဲလိုက်တာပါ။ ပြည်သူတွေက ပါဝင်မှုအားကောင်းတော့ ဘယ်လိုယူနီဖောင်းချိန်းသွားတယ်၊ သိနေတာပေါ့။ ကားကနေရာမှာတင်ရပ်တန့်ပြီး ထိသွားတယ်။”ဟု FRF တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါမိုင်းခွဲတိုက်ခိုက်မှုဖြစ်စဥ်အား FRF (CHU)တပ်ရင်း၊မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့်ဗန္ဓုလညီနောင်တော်လှန်ရေးအင်အားစုများမှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။

FRF (CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီးပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကိုသတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် FRFက အသိပေးသည်။

FRF (CHU)အဖွဲ့သည်ဇွန်လ၅ရက်နေ့ကချောင်းဦးမြို့နယ်၊ကံဇီးကျေးရွာအနီးတွင် အကြမ်းဖက်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်သား၂ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။