Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ-မန္တ​လေးလမ်းတွင်အရပ်သားကားနှစ်စီးဖြင့်လာ​သောစစ်​သားများမိုင်းခွဲတိုက်ခိုက်ခံရအရာရှိအပါအဝင်​လေးဦး​သေဟုထုတ်ပြန်

FRF (CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီးပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကိုသတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် FRFက အသိပေးသည်။

(အကြမ်းဖက်စစ်တပ်ယာဥ်တန်းအားမုံရွာ-မန္တလေးလမ်းမပေါ်တွင်ဧပြီလကုန်ပိုင်းကတွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(အကြမ်းဖက်စစ်တပ်ယာဥ်တန်းအားမုံရွာ-မန္တလေးလမ်းမပေါ်တွင်ဧပြီလကုန်ပိုင်းကတွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီတပ်ဖွဲ့များ လိုက်ပါလာသော ပရာဒိုကားနှစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအရာရှိတစ်ဦးအပါအဝင်၄ဦးသေဆုံးကြောင်း Farmers Revolution Force FRF(CHU)အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၆ရက်)နေ့ကစစ်ကိုင်းမြို့မှမုံရွာ – မန္တလေးလမ်းမကြီးအတိုင်းထွက်ခွာလာသည့် အရပ်ဝတ်စစ်ကောင်စီတပ်သားများမောင်းနှင်လာသောပါရာဒိုအနက်ရောင်အရာရှိစစ်​သားကား (၂) စီးအား မွန်းလွဲ ၂ နာရီခွဲခန့် တွင် ချောင်းဦးမြို့နှင့် မြင်းမူမြို့ကြားတွင် ပဒေသာမိုင်း​ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း FRF(CHU)အဖွဲ့က ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင်စစ်​ကောင်စီအရာရှိ(၁)ဦးအပါအဝင်စစ်ကောင်စီတပ်သား စုစုပေါင်း (၄)ဦး သေဆုံးပြီး (၃)ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း မြေပြင်သတင်းပေးပို့မှုများအရ အတည်ပြုနိုင်သည်ဟုလည်းအသိ​​ပေးထားသည်။

Public Service Announcement

“အဲဒီကားက မန္တလေးကနေ ဆင်းလာတာ။ အိမ်စီးကားဆိုတော့ သတင်းကိုသေချာအောင် ခိုင်မာအောင်စိစစ်ရတယ်။ ဘာလို့စိစစ်ရလဲဆိုတော့ကျွန်တော်တို့ကပြည်သူတစ်ယောက်တစ်ခုခုဖြစ်သွားမှာ အရမ်းစိုးပါတယ်။ သေချာစိစစ်ပြီးမှ ဆွဲလိုက်တာပါ။ ပြည်သူတွေက ပါဝင်မှုအားကောင်းတော့ ဘယ်လိုယူနီဖောင်းချိန်းသွားတယ်၊ သိနေတာပေါ့။ ကားကနေရာမှာတင်ရပ်တန့်ပြီး ထိသွားတယ်။”ဟု FRF တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါမိုင်းခွဲတိုက်ခိုက်မှုဖြစ်စဥ်အား FRF (CHU)တပ်ရင်း၊မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)နှင့်ဗန္ဓုလညီနောင်တော်လှန်ရေးအင်အားစုများမှ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုထုတ်ပြန်ထားသည်။

FRF (CHU) တပ်ရင်းသည် ပြောက်ကျားစစ်ဆင်ရေးများကိုအရှိန်အဟုန်မြင့်လုပ်ဆောင်နေပြီးပြည်သူများအထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ လှုပ်ရှားမှုကိုသတိကြီးကြီးထား၍ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် FRFက အသိပေးသည်။

FRF (CHU)အဖွဲ့သည်ဇွန်လ၅ရက်နေ့ကချောင်းဦးမြို့နယ်၊ကံဇီးကျေးရွာအနီးတွင် အကြမ်းဖက်အုပ်စုအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်သား၂ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။