Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနှင့်မုံရွာခရိုင်တွင်စစ်ရေးတင်းမာ​နေ၍ ခရီးသွားပြည်သူများလိုက်နာရမည့်အချက်များကိုPDF ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းများအား ဖြတ်သန်းသွားလာကြမည့် ခရီးသွားပြည်သူကားများ၊ ကုန်တင်ယာဥ်များ၊ Express ကားများကို ည ၈ နာရီမှ နောက်တစ်နေ့နံနက် ၅ နာရီအတွင်း သွားလာဖြတ်သန်းခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၁ က သတိပေးသည်။

(မုံရွာ-မန္တလေးလမ်းပေါ် လမ်းပိုင်းခေတ္တပိတ်ထား၍ စောင့်ဆိုင်းနေသော ခရီးသွားယာဥ်များအား ပြီးခဲ့သည့်လပိုင်းအတွင်းက တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(မုံရွာ-မန္တလေးလမ်းပေါ် လမ်းပိုင်းခေတ္တပိတ်ထား၍ စောင့်ဆိုင်းနေသော ခရီးသွားယာဥ်များအား ပြီးခဲ့သည့်လပိုင်းအတွင်းက တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်နှင့် မုံရွာခရိုင်အတွင်း မြို့နယ်တွင်း ထိတွေ့တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများရှိနေ၍ ခရီးသွားများ လိုက်နာရမည့်အချက်များအားဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ယနေ့ ဇွန်လ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အပါအဝင် မြို့နယ်တွင်း ထိတွေ့တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် မုံရွာမြို့နေ ပြည်သူများအနေဖြင့် ဘေးကင်းရန် ယနေ့ ဇွန်လ ၈ ရက်နေ့မှစ၍ ဘေးအန္တရယ်ကင်းရှင်းသည်ဟုထုတ်ပြန်သည်အထိ စကစတပ်များအနီးသို့ သွားလာခြင်းမပြုရန်၊ မလိုအပ်ဘဲ အပြင်ထွက် သွားလာခြင်း မပြုရန်နှင့် လမ်းကြောအခြေအနေသတင်း နားစွင့်ပြီး သတိနှင့်သွားလာကြရန် အနောက်မြောက်လွင်ပြင်တော်လှန်ရေး အင်အားစုက အသိပေးကြေညာသည်။

အသိပေးကြေညာချက်ကို မလိုက်နာ၍ တစ်စုံတစ်ရာဖြစ်ခဲ့လျှင် တာဝန်ယူမည်မဟုတ်ဟု အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစုက သတိပေးသည်။

Public Service Announcement

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်အတွင်း စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းများအား ဖြတ်သန်းသွားလာကြမည့် ခရီးသွားပြည်သူကားများ၊ ကုန်တင်ယာဥ်များ၊ Express ကားများကို ည ၈ နာရီမှ နောက်တစ်နေ့နံနက် ၅ နာရီအတွင်း သွားလာဖြတ်သန်းခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်ကြောင်း စစ်ကိုင်းခရိုင် တပ်ရင်း ၁ က သတိပေးသည်။

Public Service Announcement

Public Service Announcement

ကျန်းမာရေးကိစ္စ အရေးပေါ်ဖြတ်သန်းလိုပါက အသိပေးရန်နှင့် တားမြစ်ထားသည့် အချိန်မှအပ ဖြတ်သန်းသွားလာကြမည့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ အရပ်သားပြည်သူ အသွင်ယူကာ သွားလာခြင်းများ ပုန်းအောင်းခိုကပ်ကာ သွားလာခြင်းများကို မပြုလုပ်နိုင်စေရန် အချိုရည်ပို့ဆောင်သည့်ကားများ၊ ကွန်တိန်နာကားများ၊ မိုးကာအုပ်ထားသည့် ကုန်တင်ယာဥ်များအနေဖြင့် ဘေးတံခါးများဖွင့်ထားခြင်း၊ မိုးကာဖွင့်၍ လှပ်ထားခြင်းများ ပြုလုပ်၍သာ ဖြတ်သန်းကြရန် စစ်ကိုင်းခရိုင် တပ်ရင်း ၁ က ထပ်မံသတိပေးကြေညာသည်။

ပြည်သူလူထုလုံခြုံရေးအတွက် ထုတ်ပြန်ခြင်းဖြစ်၍ အလေးအနက်ထားလိုက်နာကြရန် လိုအပ်ပြီး မလိုက်နာ၍တစ်စုံတစ်ရာဖြစ်ခဲ့ပါက လိုက်နာမှုမပြုသူ၏တာဝန်သာဖြစ်ကြောင်းစစ်ကိုင်းခရိုင်တပ်ရင်း ၁ကအသိပေးထားသည်။

စစ်ကိုင်းတိုင်း၊စစ်ကိုင်းခရိုင်၊မုံရွာခရိုင်နှင့်ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များအားလုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်က အိမ်ပေါင်းထောင်ချီ မီးရှို့ဖျက်ဆီးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။