Connect with us

Hi, what are you looking for?

သတင်း

တန့်ကြည်တောင် ဘုရားဖူးယာဉ် ပစ်ခတ်မှု ကို မလုပ်ဆောင်ကြောင်း ဒေသခံPDF အဖွဲ့ ထုတ်ပြန်

စစ်ကောင်စီဘက်ကနေ ဝါဒဖြန့်နေတဲ့လူမှုကွန်ရက်တွေမှာတော့ ဒီလုပ်ရပ်ကို PDF က လုပ်ဆောင်နေတယ်လို့ သတင်းဖြန့်ထားကြတာပါ။

ပစ်ခတ်ခံရသူအမျိုးသားကြီးကိုဆေးရုံပို့ဖို့သယ်ယူလာစဉ်
ပစ်ခတ်ခံရသူအမျိုးသားကြီးကိုဆေးရုံပို့ဖို့သယ်ယူလာစဉ်

မနေ့က တန့်ကြည်တောင် ဘုရားဖူး ဟိုက်ဂျက်ကား ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်မှုမရှိကြောင်း ဒေသခံမြစ်ခြေ − ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပုဂံဒေသကို ဘုရားဖူးထွက်လာတဲ့ တနင်္သာရီတိုင်း က မိသားစုလိုက်ပါတဲ့ ဟိုက်ဂျက်ကားဟာမနေ့က မနက်ပိုင်း တန့်ကြည်တောင်အတက်မှာ ပစ်ခတ်ခံရတာပါ။

ပစ်ခတ်ခံရမှုကြောင့် ကားခေါင်းခန်းမှာ လိုက်ပါလာတဲ့အမျိုးသားကြီးတစ်ဦးသေနတ်မှန်ပြီးသေဆုံးခဲ့ရပါတယ်။.

Public Service Announcement

ဒေသခံ မြစ်ခြေ − ကျွန်းချောင်း PDF တပ်ဖွဲ့က ဒီပစ်ခတ်မှုကိုမလုပ်ဆောင်သလို ပတ်သက်မှုလည်းမရှိဘူးလို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုရှင်းလင်းချက်ထုတ်ပြန်ရတာကလည်း အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထုနဲ့ PDF တပ်ဖွဲ့ကြား စိတ်ဝမ်းကွဲစေမယ့် အကြောင်းအရာတွေ လူမှုကွန်ရက်မှာ တင်ထားတဲ့အတွက် အထင်အမြင်မလွဲစေဖို့ ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

စစ်ကောင်စီဘက်ကနေ ဝါဒဖြန့်နေတဲ့လူမှုကွန်ရက်တွေမှာတော့ ဒီလုပ်ရပ်ကို PDF က လုပ်ဆောင်နေတယ်လို့ သတင်းဖြန့်ထားကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။