Connect with us

Hi, what are you looking for?

သတင်း

NUG နိုင်ငံခြားရေးဝန်ကြီးနှင့်ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး

အာဏာသိမ်းစစ်ကောင်စီကမူ ကုလသမဂ္ဂနှင့် နိုင်ငံကြီးများ၏ ပြင်းထန်စွာရှုတ်ချကန့်ကွက် မှုများကို ရင်ဆိုင်နေရပြီး ပြင်သစ်က ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ ဟု ခေါ်ဝေါ် သုံးနှုန်းခြင်းကို ဒေါသထွက်နေသည်။

(မြန်မာနှင့် ဆွီဒင် နိုင်ငံခြား​ရေးဝန်ကြီးနှစ်ဦး စ​တော့ဟုမ်းမြို့တွင်​တွေ့ဆုံ​ဆွေး​နွေးခဲ့ကြသည်)
(မြန်မာနှင့် ဆွီဒင် နိုင်ငံခြား​ရေးဝန်ကြီးနှစ်ဦး စ​တော့ဟုမ်းမြို့တွင်​တွေ့ဆုံ​ဆွေး​နွေးခဲ့ကြသည်)

အရေးပါသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ဟု အသိပေး

ဆွီဒင်နိုင်ငံခြားရေးဝန်ကြီးသည် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နှင့် မြို့တော်စတော့ဟုမ်း၌ အရေးပါသည့်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း ယမန်နေ့တွင် ၎င်း၏တွစ်တာမှ အသိပေး ထုတ်ပြန်သည်။

ဆွီဒင်နိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာ အောင်သည် ၎င်း၏ဆွေးနွေးဖက် နိုင်ငံခြားရေးဝန်ကြီး အန်းလင်ဒီနှင့်တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“ဆွီဒင်ဟာ ဒီမိုကရေစီအတွက် ပြင်းပြတဲ့ဆန္ဒရှိတဲ့ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံအားပေးနေပါတယ်။ နောက်ပြီး ဒီအကျပ်အတည်း ငြိမ်းချမ်းစွာအဖြေရှာရေးအတွက်လည်း ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး လင်ဒီက ပြောသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီက NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အောင်မြင်မှုများရရှိနေပြီး ကမ္ဘာကြီးသည်လည်း မြန်မာပြည်သူများ၏ မှန်ကန်မှု၊ ရဲရင့်မှု၊ ဇွဲရှိမှုများကို တဖြည်းဖြည်း လက်ခံနားလည်နေပြီဟု ပြောကြားထားသည်။

အာဏာသိမ်းစစ်ကောင်စီကမူ ကုလသမဂ္ဂနှင့် နိုင်ငံကြီးများ၏ ပြင်းထန်စွာရှုတ်ချကန့်ကွက် မှုများကို ရင်ဆိုင်နေရပြီး ပြင်သစ်က ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ ဟု ခေါ်ဝေါ် သုံးနှုန်းခြင်းကို ဒေါသထွက်နေသည်။

အကြမ်းဖက်စစ်ကောင်စီကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ ၁၉၃ နိုင်ငံအနက် ၅ နိုင်ငံထက် မပိုသောနိုင်ငံအနည်းငယ်ကသာ အသိအမှတ်ပြုဆက်ဆံနေပြီးအမေရိကန်အပါအဝင်အနောက်အင်အား ကြီးနိုင်ငံများက သံတမန်ဆက်ဆံရေးကို တစ်ဆင့်လျှော့ထားကာစစ်အာဏာသိမ်းမှုကိုအပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။