Connect with us

Hi, what are you looking for?

သတင်း

ဌာနချုပ်လုံခြုံရေး တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်က ဖယ်ခိုင်းသော်လည်း ဖယ်ပေးမည်မဟုတ်ဟု SSPPထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဇွန်လ ၄ရက်တွင် မိုင်းရှူးမြို့နယ်မြောက်ဘက်ရှိ SSPP/SSA ဌာနချုပ်လုံခြုံရေး တပ်စခန်းများဖြစ်သော)လွိုင်နိုင်းလမ်းခွဲအဝင်အနီးရှိ စခန်း၊ မန်ဝိန်းကျေးရွာအနီးရှိ စခန်း ၂ခုတို့အား ဇွန်လ ၁၀ရက်မတိုင်မီ ဖယ်ရှားပေးရန်အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဌာနချုပ်လုံခြုံရေး တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်က ဖယ်ခိုင်းသော်လည်း ဖယ်ပေးမည်မဟုတ်ဟု SSPPထုတ်ပြန်
ဌာနချုပ်လုံခြုံရေး တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်က ဖယ်ခိုင်းသော်လည်း ဖယ်ပေးမည်မဟုတ်ဟု SSPPထုတ်ပြန်

ရှမ်းတောင်ရှိ SSPPတပ်စခန်းကိုလည်း စစ်ကောင်စီနှင့် RCSS နှစ်ဖွဲ့ညှပ်တိုက်မည့် အခြေအနေရှိဟု အသိပေး

မိုင်းရှူးဖက်တွင်ရှိသော ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP-SSA)၏တပ်စခန်းများကို စစ်ကောင်စီတပ်မှ တပ်ဆုတ်ခိုင်းသော်လည်း တပ်ဆုတ်ပေးမည်မဟုတ်ကြောင်း SSPP-SSA သတင်းနှင့် ပြန်ကြားရေးက ယနေ့ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ် တောင်ပိုင်းဘက်တွင် RCSS နှင့် SSPP စစ်ရေးတင်းမာနေချိန် SSPP/SSA ဌာနချုပ်လုံခြုံရေး တပ်စခန်း ၃ခုအား ဆုတ်ခိုင်းခြင်းဖြစ်သည်ဟု ဆိုသည်။

ဌာနချုပ်လုံခြုံရေး တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်က ဖယ်ခိုင်းသော်လည်း ဖယ်ပေးမည်မဟုတ်ဟု SSPPထုတ်ပြန်
ဌာနချုပ်လုံခြုံရေး တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်က ဖယ်ခိုင်းသော်လည်း ဖယ်ပေးမည်မဟုတ်ဟု SSPPထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဇွန်လ ၄ရက်တွင် မိုင်းရှူးမြို့နယ်မြောက်ဘက်ရှိ SSPP/SSA ဌာနချုပ်လုံခြုံရေး တပ်စခန်းများဖြစ်သော)လွိုင်နိုင်းလမ်းခွဲအဝင်အနီးရှိ စခန်း၊ မန်ဝိန်းကျေးရွာအနီးရှိ စခန်း ၂ခုတို့အား ဇွန်လ ၁၀ရက်မတိုင်မီ ဖယ်ရှားပေးရန်အကြောင်းကြားလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် ဖယ်ခိုင်းသည့် တပ်စခန်းနေရာများသည် SSPP-SSA မှ ဆယ်စုနှစ်တစ်ခုစာ အခြေပြုခဲ့သည့်တပ်စခန်းနေရာများ ဖြစ်၍ တပ်ဆုတ်ပေးရန်မဖြစ်နိုင်ကြောင်း ထုတ်ပြန်သည်။

“ ဒီဘက်က ကျွန်တော်တို့ ဌာနချုပ်လုံခြုံရေး တပ်စခန်းဆိုတော့ သူတို့ အာရုံလာနောက်ချင်တာ ။ ဒါကသူတို့ လုပ်နေကျအကွက်ပဲ၊ ဘာလို့ လဲဆိုတော့ တောင်ပိုင်းဘက်ဆနင်းတောင် အနီးနားတစ်ဝိုက်က RCSS နဲ့ ကျွန်တော်တို့ SSPP/SSA တပ်တွေ စစ်ရေးတင်းမှာနေတယ်လေ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တယ် ။ တစ်ဖက်မှာ စစ်ရေးတင်းမှာ နေတဲ့ အခြေနေရှိနေလို့ ၊ ဒီဘက်က ကျွန်တော်တို့ အာရုံနောက်အောင်လုပ်တဲ့အကွက်ပဲ ၊ ကျွန်တော်တို့လည်း မဆုတ်ပေးနိုင်ဘူး စစ်လည်းပြင်ဆင် ထားပြီးပြီ ။ မြန်မာစစ်တပ်ဖက်က စစ်စထိုးရင်လည်း ကျွန်တော်တို့ဖက်ကတုန့်ပြန်ဖို့အသင့်ပဲ”ဟု SSPP-SSA စစ်မြေပြင် တာဝန်ရှိသူတစ်ဉီးက ပြောကြားကြောင်း SSPP က ထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများအပါအဝင် လူ၊ လက်နက်အင်အား အများအပြားဖြင့် SSPP ထိန်းချုပ်ရာ စစ်စခန်းများ အ၃နီး စစ်ရေးလှုပ်ရှားနေကြောင်း ဖော်ပြထားသည်။

SSPP/SSA ဖက်မှလည်း စစ်ရေးပြင်ဆင်ကာအသင့်အနေအထားရှိနေပြီး စစ်ကောင်စီဘက်မှ ထိုးစစ်ဆင်လာပါက တိုက်ပွဲဖြစ်နိုင်ကြောင်း၊ ရှမ်းပြည်တောင်ပိုင်းဖက်တွင်လည်း လွိုင်လင်၊ မိုင်းပွန် ဆနင်းတောင်ဘက် ကို RCSS မှ ထိုးစစ်ဆင်ရန်ပြင်ဆင်နေသည့်အတွက် မြန်မာစစ်တပ်နှင့် RCSS တို့ ၂ဖက် ညှပ်တိုက်မယ့်အခြေအနေရှိကာ စစ်ရေးတင်းမာလျှက်ရှိကြောင်း SSPPက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိရရှိထားတဲ့ ငြိမ်းချမ်းရေးရလဒ်တွေ တည်ငြိမ်မှုရှိစေဖို့ ဆက်လက်ထိန်းသိမ်းထားပြီး နယ်မြေ တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမယ့် အခြားလက်နက်ကိုင်အဖွဲများနဲ့ ပူးပေါင်းပါဝင်ပါတ်သက်မှု မရှိစေရေး ထိန်းသိမ်းဆောင်ရွက်သွားဖို့ စစ်ကောင်စီ ဘက်က ဆွေးနွေးလာကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ဒီကနေ့ ဇွန်လ ၁၇ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။