Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီး ၁၀ ဦးခန့်သေဆုံးနိုင်ဟုထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်၏ အထက်ပါယာဥ်တန်းသည် ပုလဲ-ဂန့်ဂေါလမ်းအတိုင်းမောင်းနှင်၍ ပုံတောင်ပုံညာအနီး မိုင်တိုင် (၅၅)နှင့် (၅၆)ကြားတွင် ရပ်တန့်နေကြောင်း သိရသည်။

(ပုလဲPDF ဌာနချုပ်တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေကြစဥ်။ ။ဓါတ်ပုံ-ပုလဲPDF)
(ပုလဲPDF ဌာနချုပ်တပ်ဖွဲ့ဝင်များစစ်​ရေး​လေ့ကျင့်​နေကြစဥ်။ ။ဓါတ်ပုံ-ပုလဲPDF)

ပုလဲမြို့နယ်အတွင်းစစ်ကောင်စီတပ်ယာဥ်တန်းကိုဒေသကာကွယ်ရေးတပ်များပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်က ယနေ့(ဇွန် ၉)တွင် ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၉)က ပုလဲမြို့နယ် ခင်အေး၊ နတ်ထိပ်မှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်၊ပုလဲတပ်ရင်း(၂)နှင့် People Revolution Army(PRA)အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုတွင် ရှေ့ထွက်မိုင်းသုံးလုံး၊ကွဲမိုင်းနှစ်လုံး စုစုပေါင်းမိုင်းငါးလုံးဖြင့်ဖောက် ခွဲတိုက်ခိုက်ခဲ့ကာ စစ်ကောင်စီဘက်မှ ၁၀ ဦးခန့်သေဆုံးနိုင်ပြီး ပြည်သူ့ရဲဘော်များဘေးကင်းအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းအသိပေးထားသည်။

“ယာဥ်တန်းက ခန့်မှန်းအစီးရေ ၈၀ လောက်ပါတယ်ဗျ။ ချင်းပြည်နယ် မင်းတပ်ဘက်ကနေဆင်းလာတာလို့ သိရတယ်။ လက်ရှိမှာ တိုက် ခိုက်ခံထားရတော့ ဆက်သွားသေးဘဲ လမ်းမှာရပ်နားနေတယ်လို့ သိထားရပါတယ်”ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဌာနချုပ်မှ ရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်၏ အထက်ပါယာဥ်တန်းသည် ပုလဲ-ဂန့်ဂေါလမ်းအတိုင်းမောင်းနှင်၍ ပုံတောင်ပုံညာအနီး မိုင်တိုင် (၅၅)နှင့် (၅၆)ကြားတွင် ရပ်တန့်နေကြောင်း သိရသည်။

မေလ ၂၆ ရက်ကလည်း ပုလဲမြို့မှထွက်လာသော အထက်ပါ စစ်ကောင်စီတပ်ယာဥ်တန်းကို နဂါးမတောင်ဘက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦးထက်မနည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။