Connect with us

Hi, what are you looking for?

သတင်း

(၁၂)ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝန်ကြီးအဆင့်အစည်းအဝေး စစ်ကောင်စီ တက်ရောက်ခွင့်မရပြန်

WTO၏ ဝန်ကြီးအဆင့်အစည်းအ​ဝေးကို စစ်​ကောင်စီဝန်ကြီး ​ဒေါက်တာပွင့်ဆန်း၊ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်နှင့် ညွန့်ကြား​ရေးမှူးဦးညီညီ​အောင်တို့ တက်​ရောက်ရန် စစ်ကောင်စီက စာရင်းသွင်းထားခြင်းဖြစ်သည်။

World Trade Organization (WTO)
World Trade Organization (WTO)

(၁၂)ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝန်ကြီးအဆင့်အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အား တက်ရောက်ခွင့်မပြုကြောင်း World Trade Organization (WTO) က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ အကြောင်းကြားခဲ့သည်။

အဆိုပါ (၁၂)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ဂျနီဗာမြို့တွင် ဇွန်လ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စစ်ကောင်စီသည် မြန်မာနိုင်ငံကိုယ်စားပြုအစိုးရမဟုတ်သောကြောင့် ကိုယ်စားပြုတက်ခွင့်မရခြင်းဖြစ်သည်ဟု WTOက ဆိုသည်။

အဆိုပါအစည်းအဝေးကို စစ်ကောင်စီဘက်မှ ကိုယ်စားလှယ် သုံးဦးတက်ရောက်ရန် တင်ပြခဲ့သော်လည်း NUGဘက်မှ ကန့်ကွက်ခဲ့ပြီးနောက် စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုခဲ့ရန် WTOက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

World Trade Organization (WTO)
World Trade Organization (WTO)

WTO၏ ဝန်ကြီးအဆင့်အစည်းအ​ဝေးကို စစ်​ကောင်စီဝန်ကြီး ​ဒေါက်တာပွင့်ဆန်း၊ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်နှင့် ညွန့်ကြား​ရေးမှူးဦးညီညီ​အောင်တို့ တက်​ရောက်ရန် စစ်ကောင်စီက စာရင်းသွင်းထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ WTO ဝန်ကြီးအဆင့်အစည်းအဝေးသည် ၂၀၂၁ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကြောင့် နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ယမန့်နှစ် WTOအစည်းအဝေးကိုလည်း စစ်ကောင်စီကိုယ်စားလှယ်ဘက်မှ စစ်ကောင်စီဝန်ကြီး ဒေါက်တာပွင့်ဆန်းတက်ရောက်ရန် စာရင်းပေးခဲ့သော်လည်း WTOဘက်က ပထမအကြိမ်ပယ်ချခဲ့သည်။ ယခုပယ်ချမှုသည် ဒုတိယအကြိမ်ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာက ကုလသမဂ္ဂအထွေထွေညီလာခံတွင် စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုကြောင်း ကုလသမဂ္ဂကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစည်းအဝေးများတွင် နိုင်ငံကိုယ်စားပြုခွင့်မှာ လက်ရှိအချိန်ထိ မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကောင်စီဟာ တော်လှန်ရေးအားနည်းသွားအောင် ပွဲလမ်းသဘင်တွေကို ဗျူဟာအဖြစ်နဲ့ အသုံးချနေကြောင်း ဝါရင့် ဇာတ်သဘင် မင်းသားကြီး မိုးမင်းက ပြောကြားလိုက်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဖေဖော်ဝါရီ ၈ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ပြုလုပ်ခဲ့ပါတယ်။

Facebook