Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

(၁၂)ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝန်ကြီးအဆင့်အစည်းအဝေး စစ်ကောင်စီ တက်ရောက်ခွင့်မရပြန်

WTO၏ ဝန်ကြီးအဆင့်အစည်းအ​ဝေးကို စစ်​ကောင်စီဝန်ကြီး ​ဒေါက်တာပွင့်ဆန်း၊ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်နှင့် ညွန့်ကြား​ရေးမှူးဦးညီညီ​အောင်တို့ တက်​ရောက်ရန် စစ်ကောင်စီက စာရင်းသွင်းထားခြင်းဖြစ်သည်။

World Trade Organization (WTO)
World Trade Organization (WTO)

(၁၂)ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝန်ကြီးအဆင့်အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့အား တက်ရောက်ခွင့်မပြုကြောင်း World Trade Organization (WTO) က အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ အကြောင်းကြားခဲ့သည်။

အဆိုပါ (၁၂)ကြိမ်မြောက် ဝန်ကြီးအဆင့်အစည်းအဝေးကို ဂျနီဗာမြို့တွင် ဇွန်လ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စစ်ကောင်စီသည် မြန်မာနိုင်ငံကိုယ်စားပြုအစိုးရမဟုတ်သောကြောင့် ကိုယ်စားပြုတက်ခွင့်မရခြင်းဖြစ်သည်ဟု WTOက ဆိုသည်။

အဆိုပါအစည်းအဝေးကို စစ်ကောင်စီဘက်မှ ကိုယ်စားလှယ် သုံးဦးတက်ရောက်ရန် တင်ပြခဲ့သော်လည်း NUGဘက်မှ ကန့်ကွက်ခဲ့ပြီးနောက် စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုခဲ့ရန် WTOက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

World Trade Organization (WTO)
World Trade Organization (WTO)

WTO၏ ဝန်ကြီးအဆင့်အစည်းအ​ဝေးကို စစ်​ကောင်စီဝန်ကြီး ​ဒေါက်တာပွင့်ဆန်း၊ အမြဲတမ်းအတွင်းဝန်ဦးမင်းမင်နှင့် ညွန့်ကြား​ရေးမှူးဦးညီညီ​အောင်တို့ တက်​ရောက်ရန် စစ်ကောင်စီက စာရင်းသွင်းထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အဆိုပါ WTO ဝန်ကြီးအဆင့်အစည်းအဝေးသည် ၂၀၂၁ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ ကျင်းပရန်စီစဉ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကြောင့် နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ယမန့်နှစ် WTOအစည်းအဝေးကိုလည်း စစ်ကောင်စီကိုယ်စားလှယ်ဘက်မှ စစ်ကောင်စီဝန်ကြီး ဒေါက်တာပွင့်ဆန်းတက်ရောက်ရန် စာရင်းပေးခဲ့သော်လည်း WTOဘက်က ပထမအကြိမ်ပယ်ချခဲ့သည်။ ယခုပယ်ချမှုသည် ဒုတိယအကြိမ်ဖြစ်သည်။

ယမန်နှစ် စက်တင်ဘာက ကုလသမဂ္ဂအထွေထွေညီလာခံတွင် စစ်ကောင်စီကိုယ်စားလှယ်ကို တက်ရောက်ခွင့်မပြုကြောင်း ကုလသမဂ္ဂကဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစည်းအဝေးများတွင် နိုင်ငံကိုယ်စားပြုခွင့်မှာ လက်ရှိအချိန်ထိ မရရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။