Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ဒီဇယ်တစ်လီတာ ၂၆၀၀ ကျပ်မြင့်စံချိန်တင်​ဈေးတက်

ဒီဇယ်တစ်လီတာလျှင်တစ်ရက်အတွင်း ၇၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစက်သုံးဆီဈေးသမိုင်းတွင်ဒီဇယ်​ဈေး အမြင့်ဆုံးနှုန်းဖြစ်​ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်များကပြောသည်။

(ရန်ကုန်တွင် ပြီးခဲ့သည့် ဧပြီလက စက်သုံဆီပြတ်လပ်မည့်စိုး၍ တန်းစီဆီဝယ်​နေကြသူများ ။ဓါတ်ပုံ-People's Spring)
(ရန်ကုန်တွင် ပြီးခဲ့သည့် ဧပြီလက စက်သုံဆီပြတ်လပ်မည့်စိုး၍ တန်းစီဆီဝယ်​နေကြသူများ ။ဓါတ်ပုံ-People's Spring)

ရန်ကုန်မြို့တွင် ယနေ့တွင် (ဇွန်၁၁ရက်) ဒီဇယ်တစ်လီတာလျှင် ၂၆၀၀ကျပ်အထိ​ဈေးတက်ပြီး စက်သုံးဆီဈေး စံချိန်မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှာစုံစမ်းသိရသည်။

ဒီဇယ်တစ်လီတာလျှင်တစ်ရက်အတွင်း ၇၀ ကျပ်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းစက်သုံးဆီဈေးသမိုင်းတွင်ဒီဇယ်​ဈေး အမြင့်ဆုံးနှုန်းဖြစ်​ကြောင်း စက်သုံးဆီဆိုင်ပိုင်ရှင်များကပြောသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်များတွင် ယ​နေ့အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၃၀၅ကျပ်၊ အောက်တိန်း ၉၅တစ်လီတာကို ၂၃၇၀ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၆၁၀ကျပ်နှင့် ပရီမီယံ တစ်လီတာကို ၂၆၄၀ကျပ်​ဈေး​ပေါက်သည်။

“ဈေးတွေသာတက်သလို ဝယ်ဖို့လည်းခက်တယ်။ဆီဆိုင်အများစုက ဆီတွေပြတ်လပ်နေတယ်”ဟု ရန်ကုန်မြို့တွင်ဆီဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အခြားမြို့ကြီးတွင်လည်းစက်သုံးဆီဝယ်ယူရန်ခက်ခဲနေပြီး ဆိုင်အများစုမှာ ပိတ်ထားသည်ဟု​ဒေသခံများကပြောသည်။

“မန္တလေးမှာတော့ လမ်းဘေးမှာဖွင့်တဲ့ ဆိုင်တွေကို ဖွင့်ရင်ဖမ်းမယ်ဆိုလို့ ဆိုင်ကြီးတွေမှာပဲ တန်းစီဝယ်နေရတယ်၊ အာ့မှာလဲ တန်းစီနေရတယ်”ဟု မန္တလေးမြို့ခံတစ်ဦးကပြော
သည်။

စစ်ကောင်စီတပ်က လမ်းဘေးတွင် ရောင်းချနေသည့်ဆီဆိုင်ငယ်များကို ယခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးနေပြီး ဆီဆိုင်အကြီးများတွင် ဝယ်ယူရမည်ဟု လိုက်လံခြိမ်းခြောက်ခဲ့သည်။

ရန်ကုန်၊မန္တလေး စသည့် မြို့ကြီးများမှ အပ ကျန်မြို့များတွင် အောက်တိန်း တစ်လီတာကို ကျပ် ၃၀၀၀နီးပါးရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

​ဇွန် ၁၀ ရက်ကအောက်တိန်း၉၂တစ်လီတာလျှင် ၂၂၉၅ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာကို ၂၃၂၀ကျပ်၊ ဒီဇယ် တစ်လီတာလျှင်၂၅၄၀ကျပ်နှင့်ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၅၇၀ကျပ်ဈေး​ပေါက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြို့နယ်တော်တော်များများမှာ လမ်းမတွေပေါ်အထိ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး လမ်းပိတ်တာတွေကြုံနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။