Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံ – တောင်သာလမ်းပိုင်းတွင် စစ်ကောင်စီ၏ ရဲကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင် ​လေးဦး ဒဏ်ရာရ

မြို့နယ်မှူးအပါအဝင် ကားပေါ်ပါ ​လေးဦးလုံး အပြင်း အထန် ဒဏ်ရာရရှိသွားကြောင်း၊အသေအပျောက်သတင်းမသိရသေးသော်လည်း အသက်အန္တရာယ်ထိခိုက်နိုင်ခြေရှိကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(တိုက်ပွဲတစ်ခုတွင် 27 Revolution Force တပ်ဖွဲ့ဝင်တစ်ဦးတိုက်ခိုက်​နေစဥ်)
(တိုက်ပွဲတစ်ခုတွင် 27 Revolution Force တပ်ဖွဲ့ဝင်တစ်ဦးတိုက်ခိုက်​နေစဥ်)

မန္တလေးတိုင်း၊ မြင်းခြံ – တောင်သာလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဲကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင် ​လေးဦး အပြင်းအ ထန် ဒဏ်ရာရရှိသွားကြောင်း 27 Revolution Force အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၁၂ရက်)က မြင်းခြံ – တောင်သာလမ်းပိုင်း၊ တမံကြီးရွာနှင့် နန်းမြင့်ကျေးရွာကြားတွင် ရှေ့ပြေးရဲကားတစ်စီးအား မဟာမိတ်အဖွဲ့များမှ ပဒေသာမိုင်း ၃လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြို့နယ်မှူးအပါအဝင် ကားပေါ်ပါ ​လေးဦးလုံး အပြင်း အထန် ဒဏ်ရာရရှိသွားကြောင်း၊အသေအပျောက်သတင်းမသိရသေးသော်လည်း အသက်အန္တရာယ်ထိခိုက်နိုင်ခြေရှိကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုအား မြင်းခြံခရိုင်တပ်ရင်း (၁)၊ 27 Revolution Force၊ မြင်းခြံခရိုင်တပ်ရင်း ၃ မြေလတ် PDF MGN strict၊ TTA ပြောက်ကျားတပ်ဖွဲ့၊ Seven People Defense Force၊ Natogyi Regional Defence Force၊ The Value Of Young Man အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု 27 Revolution Forceက အသိပေးသည်။

Public Service Announcement

Public Service Announcement

27 Revolution Forceအဖွဲ့နှင့် မဟာမိတ်အဖွဲ့များသည် ဇွန်လ ၇ ရက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရေလယ်ကျွန်း​ဒေသသို့လာ​သောစစ်​ကောင်စီတပ်ကို တိုက်ခိုက်ရာအကြမ်းဖက်စစ်သား၁၃ ဦး​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။