မန္တလေးတိုင်း၊ မြင်းခြံ – တောင်သာလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဲကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ မြို့နယ်မှူးအပါအဝင် လေးဦး အပြင်းအ ထန် ဒဏ်ရာရရှိသွားကြောင်း 27 Revolution Force အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့(ဇွန်လ ၁၂ရက်)က မြင်းခြံ – တောင်သာလမ်းပိုင်း၊ တမံကြီးရွာနှင့် နန်းမြင့်ကျေးရွာကြားတွင် ရှေ့ပြေးရဲကားတစ်စီးအား မဟာမိတ်အဖွဲ့များမှ ပဒေသာမိုင်း ၃လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မြို့နယ်မှူးအပါအဝင် ကားပေါ်ပါ လေးဦးလုံး အပြင်း အထန် ဒဏ်ရာရရှိသွားကြောင်း၊အသေအပျောက်သတင်းမသိရသေးသော်လည်း အသက်အန္တရာယ်ထိခိုက်နိုင်ခြေရှိကြောင်း 27 Revolution Force၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါတိုက်ခိုက်မှုအား မြင်းခြံခရိုင်တပ်ရင်း (၁)၊ 27 Revolution Force၊ မြင်းခြံခရိုင်တပ်ရင်း ၃ မြေလတ် PDF MGN strict၊ TTA ပြောက်ကျားတပ်ဖွဲ့၊ Seven People Defense Force၊ Natogyi Regional Defence Force၊ The Value Of Young Man အဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဟု 27 Revolution Forceက အသိပေးသည်။

Public Service Announcement
27 Revolution Forceအဖွဲ့နှင့် မဟာမိတ်အဖွဲ့များသည် ဇွန်လ ၇ ရက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရေလယ်ကျွန်းဒေသသို့လာသောစစ်ကောင်စီတပ်ကို တိုက်ခိုက်ရာအကြမ်းဖက်စစ်သား၁၃ ဦးသေဆုံးခဲ့သည်။


















































