Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးတဆင့်တက်ကာ ရန်သူစစ်ကောင်စီကို ခြေမှုန်းသိမ်းပိုက်နိုင်​ရေး ပြင်ဆင်ကြရန် NUG ယာယီသမ္မတတိုက်တွန်း

ယင်းအတွက် သက်ဆိုင်ရာဌာနအားလုံးတွင် တာဝန်ရှိပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်နှင့် စစ်အုပ်စုကို ချေမှုန်းရန် ဌာနအားလုံးကို စည်းရုံးပေးရန်၊ လူထုကို အသိပေးရန်၊ အားပေးရန် လိုအပ်ကြောင်းလည်း ယာယီသမ္မတက ညွှန်ကြားသည်။

NUG ယာယီသမ္မတ
NUG ယာယီသမ္မတ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အင်အားကောင်းလာ၍ တဆင့်တက်ကာ ရန်သူစစ်ကောင်စီကို ခြေမှုန်းသိမ်းပိုက်နိုင်ရန် ပြင်ဆင်ကြရမည်ဟု NUG ယာယီသမ္မတက ပြောကြားသည်။

ယနေ့ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ၅၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ယာယီသမ္မတဒူဝါလရှီးလက ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“၂၀၂၃ တွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီမှ လိမ်ညာပြီး ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝချေဖျက်နိုင်အောင် နိုင်ငံရေး စစ်ရေး ၂ခုစလုံးဖြင့် လုပ်ဆောင်နိုင်ဖို့ ပြင်ဆင်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ဆက်ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၅၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေး
အမျိုးသားညီညွတ်ရေးအစိုးရ၏ ၅၈ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေး

ယင်းအတွက် သက်ဆိုင်ရာဌာနအားလုံးတွင် တာဝန်ရှိပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်နှင့် စစ်အုပ်စုကို ချေမှုန်းရန် ဌာနအားလုံးကို စည်းရုံးပေးရန်၊ လူထုကို အသိပေးရန်၊ အားပေးရန် လိုအပ်ကြောင်းလည်း ယာယီသမ္မတက ညွှန်ကြားသည်။

Public Service Announcement

Public Service Announcement

NUG သည် ၂၀၂၂ တွင် စစ်ရေးနှင့် ကျန်သည့်ကိစ္စရပ်များ အခြေခိုင်အောင် တည်ဆောက်သည့် ကာလဖြစ်၍ PDF တပ်ရင်းပေါင်း ၂၅၇ ရင်းခန့်၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် ချိန် ဆက်ထားသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၅၀၀ ခန့်ရှိနေပြီဟု ယာယီသမ္မတက အသိပေးသည်။

တော်လှန်ရေးအင်အားစုများဘက်က အားသာမှုရှိလာလေလေ၊စစ်ကောင်စီဘက်က ယုတ်မာရိုင်းစိုင်းမှုများ အစွမ်းကုန်လုပ်ဆောင်လာမည်ဖြစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများက အဘက်ဘက်မှ ကြိုတင်ပြင်ဆင်နိုင်အောင်၊ ကာကွယ်နိုင်အောင် လုပ်ဆောင်ပေးရန် လွန်စွာအရေးကြီးကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

“အခုဆိုရင် စစ်ကိုင်းဘက်မှာ ရွာတွေကို မီးရှို့နေတာ နေ့စဉ်ရက်ဆက်ဖြစ်နေပါတယ်။ဒါတွေနဲ့ပတ်သက်ပြီးကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့နည်းလမ်းရှာပြီးထိထိရောက်ရောက်ကာကွယ်နိုင်ဖို့ အမြန်ကြိုးစားပေးစေချင်ပါတယ်”ဟုဝန်ကြီးချုပ်က တိုက်တွန်းသည်။

ဆက်လက်ပြီး “အခက်အခဲတွေ ဘယ်လောက်ရှိရှိ ရင်ဆိုင်ကျော်လွှားဖို့ အသင့်ဖြစ်နေတဲ့ အညာ ဒေသက ကျွန်တော်တို့ပြည်သူတွေရဲ့ ဇွဲသတ္တိတွေဟာကျွန်တော်တို့တော်လှန်ရေး
အတွက် တကယ့်ကို အင်အားဖြစ်စေတာကြောင့်အလွန်ဂုဏ်ယူ ကြောင်းလည်း ပြောကြားလိုပါတယ်” ဟုဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...