Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်ပေးမယ့်လုပ်ရပ် ချက်ချင်းရပ်တန့်ဖို့ စစ်ကောင်စီကို ကုလလူ့အခွင့်အရေးမင်းကြီးတိုက်တွန်း

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခုံရုံးကနေ သေဒဏ်ချခံထားရသူဦးရေဟာ ၁၀၀ ကျော်ရှိနေပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ စစ်ကောင်စီဟာ သေဒဏ်ကိုလက်နက်သဖွယ်အသုံးပြုနေတယ်လို့ ထောက်ပြထားပါတယ်။

Fabrice Coffrini
Fabrice Coffrini

ထင်ရှားတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပါအဝင် ဖမ်းဆီးထားသူတွေကို သေဒဏ်စီရင်မယ့်လုပ်ရပ် ရပ်တန့်ဖို့ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီး မစ်ရှဲလ် ဘက်ချလက်က ဇွန်လ ၁၄ ရက်ကတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သေဒဏ်ပေးမှုကို နှစ်ပေါင်း ၃၀ ကျော် အတွင်း ပထမဆုံး အကြိမ်အဖြစ် အကောင်အထည်ဖော်မယ့် ဒီစီစဉ်မှုဟာ “အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ရာ ရောက်တယ် ” လို့လူ့အခွင့်အရေးမဟာမင်းကြီးကပြောပါတယ်။

“ဒီလို ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့ စစ်ကောင်စီ ကို အရေးတကြီးတောင်းဆိုပါတယ်” လို့ မစ်ရှဲလ် ဘက်ချလက် ဆိုပါတယ်။

စစ်ကောင်စီဟာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD အမတ်ဟောင်း ကိုဇေယျာသော် အပါအဝင် အမျိုးသား ၄ ဦး ရဲ့ သေဒဏ် ကိုအတည်ပြုလိုက်ပြီး ကွပ်မျက်ဖို့ ဆက်လက်အကောင်အထည်ဖော်မယ်လို့ အတိအလင်းပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလုပ်ရပ်ကို ဝေဖန်မှုတွေပြင်းပြင်းထန်ထန်ထွက်ပေါ်နေပါတယ်။ အမေရိကန် အပါအဝင် အနောက်အင်အားကြီး နိုင်ငံတွေကလည်း ကန့်ကွက်ရှုတ်ချထားပါတယ်။

အာဆီယံ ဥက္ကဋ္ဌ ဖြစ်သူကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကဆို စစ်ကောင်စီခေါင်းဆောင်ထံစာပေးပို့ပြီး ကွပ်မျက်မယ့်အစီအစဉ်ကို ရပ်တန့်ဖို့တောင်းဆိုထားပါတယ်။

ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ကွပ်မျက်ရင် ဆိုးကျိုးတွေဆက်ဖြစ်လာမယ်လို့ ဟွန်ဆန်က စစ်ကောင်စီကို ပြောထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခုံရုံးကနေ သေဒဏ်ချခံထားရသူဦးရေဟာ ၁၀၀ ကျော်ရှိနေပါတယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးကတော့ စစ်ကောင်စီဟာ သေဒဏ်ကိုလက်နက်သဖွယ်အသုံးပြုနေတယ်လို့ ထောက်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။