Connect with us

Hi, what are you looking for?

သတင်း

ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်အလှူခံနေသူငါးဦးကို PDF များ ဖမ်းဆီးသတိပေး

ထိုသို့ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်၍ ငွေကြေးအလှူခံကာ ကိုယ်ကျိုးရှာသူငါးဦးကို နောက်နောင်ယခုကဲ့သို့ ထပ်မံမပြုလုပ်ရန် ခံဝန်ကတိထိုးစေ၍ ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်အလှူခံ
ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်အလှူခံ

မုံရွာမြို့တွင်နေထိုင်သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦးကို ဘာသာရေးခုတုံးလုပ်၍ လိမ်လည်ပြီးအလှူငွေရှာ​နေ​သော​ကြောင့် ဖမ်းဆီးသတိပေးခဲ့ကြောင်း Farmer Revolution Force(CHU)က ထုတ်ပြန် သည်။

ယမန်နေ့(ဇွန် ၁၄)က မုံရွာမြို့၊ မြဝတီရပ်ကွက်၊ နယ်မြေ (၁၂)တွင်နေထိုင်သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားသုံးဦးသည် အသံချဲ့စက်သုံးပြီး သုံးဘီးဆိုက်တွဲဖြင့် လှည့်လည်အလှူခံသည်ကို ပြည်သူများက သတင်းပေးတိုင်ကြားခဲ့ကြောင်း ဖော်ပြသည်။

ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်အလှူခံ
ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်အလှူခံ

ထို့ကြောင့် FRF(CHU)၊ မုံရွာဗန္ဓုလနှင့် အဖွဲ့သားများ LDF ၊ ကျေးရွာပြည်သူ့လုံခြုံရေး(ပလဖ) တို့ပူးပေါင်းပြီးစစ်ဆေးခဲ့ရာ လိမ်လည်မှုထင်ရှားသဖြင့် ထိုင်ထနှင့် ကြိမ်ဒဏ်အပြစ် ပေးခဲ့သည်ဟု ထုတ်ပြန် သည်။

ယင်းအပြင် ထိုသို့ဘာသာရေးကိုခုတုံးလုပ်ပြီးလိမ်လည်၍ ငွေကြေးအလှူခံကာ ကိုယ်ကျိုးရှာသူငါးဦးကို နောက်နောင်ယခုကဲ့သို့ ထပ်မံမပြုလုပ်ရန် ခံဝန်ကတိထိုးစေ၍ ပြန်လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။