Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက သပိတ်လှုပ်ရှားမှုများအတွက် အလှူငွေပေးမည့်အသွင်ယူကာ ထောင်ချောက်ဆင်ဖမ်းဆီးနေ၍ သတိထားကြရန် တိုက်တွန်း

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ဖော်ဆောင်နေသည့် လူငယ် ၃၀ ကျော်ကို ဇွန်လ၁၃ ရက်ညက အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများ၏ အိုးဝေလူမှူကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

(၂၀၂၁ မတ်လ ၁၂ ရက်က ရန်ကုန်မြို့၌ ဆန္ဒပြလူငယ်များအား ဖမ်းဆီးရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Getty Images)
(၂၀၂၁ မတ်လ ၁၂ ရက်က ရန်ကုန်မြို့၌ ဆန္ဒပြလူငယ်များအား ဖမ်းဆီးရှာဖွေနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - Getty Images)

အကြမ်းဖက်စစ်ကောင်စီက သပိတ်လှုပ်ရှားမှုများအတွက် အလှူငွေပေးမည့်အသွင်ယူကာ သပိတ်အဖွဲ့များကို ထောင်ချောက်ဆင်ဖမ်းဆီးမှုများပြုလုပ်နေ၍ သတိထားကြရန် သပိတ်ကော်မတီဝင်များက တိုက်တွန်းပြောကြားသည်။

“ကျွန်တော်တို့ဘာလိုလဲ ဘာအားနည်းချက်ရှိလဲ ဘာနဲ့မျှားခေါ်ရင်ပါနိုင်သလဲ ဆိုတာသူတို့ကောင်းကောင်းနပ်ပါတယ်။ ဒီတစ်ခါက ငါးစာပဲမြင်ပြီး ငါးမျှားချိတ်မမြင်မိလိုက်ပဲ ဆုံးရှုံးလိုက်ရတာပါ။”ဟု စမ်းချောင်းမြို့နယ်သပိတ်ကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက သပိတ်အဖွဲ့များထံ အလှူငွေထည့်သည့် ပုံစံဖြင့်အသွင်ယူကာ ယုံကြည်မှုတည်ဆောက်ခြင်းဖြစ်ပြီး ပမာဏများများ လှူဒါန်းမည်ဟု အကြောင်းပြကာ လူချင်းတွေ့ဆုံလိုကြောင်း ပြောဆိုပြီး ဖမ်းဆီးခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သပိတ်အဖွဲ့ဝင်များ ဖမ်းဆီးခံရသည့် သတင်းကိုလည်း ထုတ်ပြန်ခြင်းမရှိဘဲ အချို့ဖမ်းဆီးခံရသူများကို ပုံမှန်အတိုင်း နေထိုင်ခိုင်းကာ ဆက်စပ်သူများကို လိုက်လံဖမ်းဆီးခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အလှူငွေကို ပြင်ပတွင်လှူမည်ဟု ချိန်းဆိုကာ ဖမ်းဆီးမှုများရှိသောကြောင့် ပြင်ပတွင်တွေ့ဆုံ၍ အလှူငွေလက်ခံခြင်းထက် Wave၊ KBZ Pay တို့ဖြင့်သာလက်ခံကြရန် Clean Yangon မှ ကိုဇေယျာထွန်းက အကြံပြုထားသည်။

ဇွန်လ ၁၃ရက်နှင့် ၁၄ရက်တို့တွင် အကြမ်းဖက်စစ်ကောင်စီက စမ်းချောင်း ၊ ကြည့်မြင်တိုင် ၊ လှိုင် ၊ ကမာရွတ် ၊ တာမွေ ၊ လသာ ၊ လမ်းမတော် ၊ ပုဇွန်တောင် ၊ မြောက်ဥက္ကလာပ စသည့် မြို့နယ်များ၌ ဧည့်စာရင်းအကြောင်းပြကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း ‌မြို့နယ်အသီးသီး ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၌ အသိပေးထားကြသည်။

“NUG ဟာ သပိတ်တပ်သားတွေအပေါ်အတော်တာဝန်ပျက်ကွက်ပါတယ်။ သပိတ်တပ်သားတွေဟာ တကယ်တော့ အပယ်ခံသဘောကိုဖြစ်နေတာပါ။ ဆီစျေးကြီးလာတာနဲ့အမျှ သပိတ်တစ်ခါခါထွက်ဖို့စားရိတ်စားခအပြင် လုံခြုံရေးအပိုင်းတွက်အများကြီးကုန်ကျလာပါတယ်။ သပိတ်ဟာ စစ်အာဏာရှင်ကိုနောက်ဆုံးချိန်ထိတော်လှန်နေဆဲဖြစ်ကြောင်း စည်တီးမောင်းခတ်ပေးနေတဲ့သဘောအသွင်တောင်တာမို့ သပိတ်ကိုမလိုအပ်ဘူးလို့ထင်တဲ့အတွေးဟာအင်မတန်မှားယွင်းပါတယ်။ သပိတ်တပ်သားတွေရဲ့ကျေးဇူးကြီးမားပါတယ်။”ဟု စမ်းချောင်းမြို့နယ်သပိတ်ကော်မတီ နှင့် နီးစပ်သူက ၎င်း၏ အမြင်ကိုပြောသည်။

ထို့ပြင်သပိတ်အဖွဲ့များအနေဖြင့် အချင်းချင်း စစ်ဆေးမှုများပြုလုပ်၍ အယုံမလွယ်ကြရန်လည်း ၎င်းက အကြံပြုသည်။

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ဖော်ဆောင်နေသည့် လူငယ် ၃၀ ကျော်ကို ဇွန်လ၁၃ ရက်ညက အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများ၏ အိုးဝေလူမှူကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။