Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင် မီတာပုံးများလိုက်ဖြုတ်သော လျှပ်စစ်ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၊ တစ်ဦးကျည်ထိမှန်

“လျှပ်စစ်ရုံးကကောင် နှစ်ကောင်လာပြီး မီတာပုံးလာဖြုတ်တာ။ ဖြုတ်နေတဲ့အချိန် သေနတ်နဲ့အပစ်ခံရတာ။ တစ်ကောင် ထိသွားတယ်။ မုံရွာဆေးရုံမှာ”ဟု မြို့ခံတစ်ဦးကပြောသည်။

မုံရွာမြို့
မုံရွာမြို့

မုံရွာမြို့တွင် စစ်အာဏာရှင်အားဆန့်ကျင်ပြီး လျှပ်စစ်မီတာခမပေးဆောင်ဘဲနေသည့် နေအိမ်များမှ မီတာပုံးလိုက်ဖြုတ်သော လျှပ်စစ်ဝန်ထမ်းနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ရာ တစ်ဦးကျည်ထိမှန်ခဲ့သည်။

မုံရွာမြို့စက်မှုဇုန်ရပ်ကွက် ဇီဇဝါလမ်းတွင် ယနေ့(ဇွန် ၁၅ရက်)နံနက် ဆယ်နာရီခန့်က ယင်းကဲ့သို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတစ်ဦးက People’s Spring သို့ ပြောသည်။

“လျှပ်စစ်ရုံးကကောင် နှစ်ကောင်လာပြီး မီတာပုံးလာဖြုတ်တာ။ ဖြုတ်နေတဲ့အချိန် သေနတ်နဲ့အပစ်ခံရတာ။ တစ်ကောင် ထိသွားတယ်။ မုံရွာဆေးရုံမှာ”ဟု မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

သေနတ်ဖြင့်ပစ်ခံရသူနှစ်ဦးမှာ မုံရွာမြို့နယ်လျှပ်စစ်မန်​နေဂျာရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူးဦးနိုင်ဆန်းလင်းနှင့်ဒုလက်ထောက်ကြီးကြပ်ရေးမှူးဦးနေဝင်းထွန်းတို့ဖြစ်သည်။ တစ်ဦးမှာ သေနတ်ကျည်ထိမှန်၍ မုံရွာဆေးရုံတွင် ကုသမှုခံယူနေပြီး ဦးနိုင်ဆန်းလင်းမှာ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို ယနေ့ညနေအထိ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Facebook