Connect with us

Hi, what are you looking for?

သတင်း

အရာ​​တော်မြို့နယ်မှမုံရွာနှင့်​ရွှေဘိုမြို့များသို့ဆက်သွယ်ထား​​သောလမ်းများယ​နေ့သွားလာခြင်းမပြုရန်PDFသတိ​ပေး

အကြမ်းဖက်စစ်ကောင်စီ တပ်သားများခရီးသွားပြည်သူများ၏ ကားများအား တားဆီး၍ အရပ်သားပြည်သူများနှင့်ရောနှောလိုက်ပါနေခြင်းကြောင့် ယနေ့ တစ်ရက် ခေတ္တလမ်းအသုံးမပြုရန်မေတ္တာရပ်ခံသည်ဟု​ဖော်ပြထားသည်။

(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီး။ ။ဓါတ်ပုံ-CJ)
(မုံရွာ-မန္တလေးလမ်းပေါ် ဖြတ်သန်းသွားသော အကြမ်းဖက်စစ်တပ်၏ ယာဥ်တစ်စီး။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှ မုံရွာနှင့် ရွှေဘိုမြို့များသို့ဆက်သွယ်ထားသောလမ်းပိုင်းများအား သွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်သတိပေးသည်။

အရာတော်-မုံရွာလမ်းနှင့် အရာတော်-ရွှေဘိုလမ်းပိုင်းများကို ယနေ့ ဇွန်လ ၁၆ရက် နံနက် ၁၀ နာရီမှစ၍ ယနေ့တစ်ရက်လုံးလမ်းအသုံးပြုခြင်းခေတ္တရပ်နားကြရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုယ်စား မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးကမေတ္တာရပ်ခံသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများခရီးသွားပြည်သူများ၏ ကားများအား တားဆီး၍ အရပ်သားပြည်သူများနှင့်ရောနှောလိုက်ပါနေခြင်းကြောင့် ယနေ့ တစ်ရက် ခေတ္တလမ်းအသုံးမပြုရန်မေတ္တာရပ်ခံသည်ဟု​ဖော်ပြထားသည်။

စစ်ကိုင်း-မုံရွာလမ်း၊ စစ်ကိုင်း-ရွှေဘိုလမ်းများတွင်လည်းအကြမ်းဖက်စစ်တပ်က ကင်းပုန်းများချထားသဖြင့် ပြည်သူများသတိထားသွားလာကြရန် ဒေသတွင်းအဖွဲ့များက သတိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ပိုင်းကမုံရွာ-မန္တလေးလမ်းပေါ်၊စစ်ကိုင်းနှင့် မြင်းမူမြို့နယ်ကြား ဖြတ်သန်းခဲ့သူတစ်ဦးက”လမ်းမှာလောလောဆယ် စစ်တာဆေးတာမရှိသေးပေမယ့် လမ်းဘေးတချို့မှာ သေနတ်ကိုင်ထားတဲ့စစ်သားတွေ တွေ့နေရတယ်။”ဟုပြောသည်။

မုံရွာ-မန္တလေးလမ်း၊ မုံရွာ-အရာတော်လမ်းနှင့် ရွှေဘို-အရာတော်လမ်းများတွင် အကြမ်းဖက်စစ်ကောင်စီတပ်များမကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။