Connect with us

Hi, what are you looking for?

သတင်း

တော​ကျောင်း​လေးရွာကိုအကြမ်းဖက်ခဲ့​သောစစ်တပ်နှင့်ပျူများကို​ဒေသခံPDFများပူး​​ပေါင်းတိုက်ခိုက် ၃ ဦး​သေ

အကြမ်းဖက်အုပ်စုကိုတောကျောင်းလေးကျေးရွာနှင့် ကင်မွန်းတော်ကျေးရွာကြား လမ်းခုလတ်တစ်နေရာတွင် တိုက်ခိုက်ခဲ့ရာစစ်တပ်နှင့် ပျူစောထီး ၃ ဦး နေရာမှာပင် ပွဲချင်း သေဆုံးသွားခဲ့ပြီး ၂ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

(နိုင်ငံတစ်ဝန်းစစ်​ကောင်စီတပ်အ​ပေါ် ခုခံ​တော်လှန်စစ်အရှိန်မြှင့်လာသည်)
(နိုင်ငံတစ်ဝန်းစစ်​ကောင်စီတပ်အ​ပေါ် ခုခံ​တော်လှန်စစ်အရှိန်မြှင့်လာသည်)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် တောကျောင်းလေးကျေးရွာအားမီးရှို့ဖျက်ဆီးပြီး ပြည်သူ​လေးဦးအားသတ်ဖြတ်သွားသည့်စစ်​ကောင်စီတပ်နှင့် ပျူစောထီးများကို ဒေသတွင်းPDFများကတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ ၃ ဦးသေဆုံးကြောင်း Chaung U Local Defence Force (CHU LDF) အဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာမှ ပြည်သူများ၏ အိုးအိမ်များကို မီးရှို့ဖျတ်ဆီးပြီး ပစ္စည်းများကို ခိုးယူလုယက်၊ ပြည်သူများကို သတ်ဖြတ်ခဲ့သော အကြမ်းဖက်စစ်တပ်နှင့် ပျူများကို မဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း CHU LDF (သတင်းနှင့် ပြန်ကြားရေး)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အဆိုပါအကြမ်းဖက်အုပ်စုကိုတောကျောင်းလေးကျေးရွာနှင့် ကင်မွန်းတော်ကျေးရွာကြား လမ်းခုလတ်တစ်နေရာတွင် တိုက်ခိုက်ခဲ့ရာစစ်တပ်နှင့် ပျူစောထီး ၃ ဦး နေရာမှာပင် ပွဲချင်း သေဆုံးသွားခဲ့ပြီး ၂ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

CHU LDF နှင့်အတူမဟာမိတ် ညီနောင်များဖြစ်ကြသည့် Chaung U Revolution Army (CRA), Banna UG Group၊ Monywa Lightning PDF နှင့် ဗန္ဒုလနှင့် အဖွဲ့သားများ LPDF တို့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ် ရဲဘော်များအားလုံး အထိအခိုက်မရှိဘဲပြောက်ကျားစစ်ဆင်ရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်က တောကျောင်းလေးကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် အိမ်ခြေတစ်ရာခန့် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူလေးဦးအား သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၁၄ ရက် နံနက် ၁၁နာရီခွဲ ခန့်ကလည်းCHU LDFနှင့် မဟာမိတ်အဖွဲ့များသည် အကြမ်းဖက်စစ်တပ်၏ ကွန်တိန်နာကားများကို မုံရွာ-မန္တလေးလမ်းမပေါ်၊ ငါးယှန်ရွာနှင့် ချောင်းဦးကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။