Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းအတွင်း လက်ရှိဖြတ်သန်းနေသည့် စစ်ယာဉ်တန်း တိုက်ခိုက်မခံရရေး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေ

စစ်ကောင်စီယာဉ်တန်း၌ ယာဉ်အစီးရေ ၁၀၀ကျော်ပါဝင်ရာ ယာဉ်တန်းလုံခြုံရေး၊ မိုင်းရှာဖွေရေး ဆောင်ရွက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်သွားလာနေသည်ဟု ဆိုသည်။

(မင်းတပ်မြို့တွင်ရှိသည့် ​ခြေလျင်တပ်ရင်း(ခလရ) ၂၇၄ တွင် ရပ်နားထားသည့် အာဏာသိမ်းစစ်​ကောင်စီ၏ စစ်ကား ၆၈ စီးကိုတွေ့ရစဥ်)
(မင်းတပ်မြို့တွင်ရှိသည့် ​ခြေလျင်တပ်ရင်း(ခလရ) ၂၇၄ တွင် ရပ်နားထားသည့် အာဏာသိမ်းစစ်​ကောင်စီ၏ စစ်ကား ၆၈ စီးကိုတွေ့ရစဥ်)

▪️ပျူစောထီး ၃၀၀ကျော်ကို လက်နက်တပ်ဆင်ပေးပြီး လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေဟုဆို

အာဏာသိမ်းစစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းအတွင်း အင်အား ၁၀၀ကျော် ပါစစ်ယာဉ်တန်းဖြတ်သန်းလျက်ရှိရာ အဆိုပါယာဉ်တန်း တိုက်ခိုက်မခံရရေးအတွက် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ ပျူစောထီးများကို လက်နက်တပ်ဆင်ပေးပြီး လမ်းလုံခြုံရေး ဆောင်ရွက်စေခြင်းတို့ ပြုလုပ်လျက်ရှိဟု ယင်းမာပင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(PDA) တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ပျူစောထီး ၃၂၀ခန့်ကို လက်နက်တပ်ဆင်ပေးပြီး ယင်းမာပင်ခရိုင်အတွင်း ပို့ဆောင်ကာ စစ်ယာဉ်တန်း လုံခြုံရေး ဆောင်ရွက်စေကြောင်း သိရသည်ဟု ၎င်းက ဆိုသည်။

“အနောက်ကနေ ဆင်းလာခဲ့တဲ့ ကားယာဉ်တန်း ၁၀၀ ကျော်ကို လမ်းကြောင်း လုံခြုံရေးအတွက် ယူတဲ့ပုံစံ အနေနဲ့ ကံကုန်း ဒုန်းတောမှာ အထိုင်ချပြီးနေတယ်” ဟု ယင်းမာပင် LPDF တပ်ဖွဲ့မှ ရဲဘော်က ပြော သည်။

Public Service Announcement
Public Service Announcement

လက်ရှိတွင် ကလေးဘက်မှ လာသည့် စစ်ယာဉ်တန်းသည် ယင်းမာပင်မြို့သို့ ရောက်ရှိနေပြီး စစ်ကောင် စီ၏ အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ဆက် လက်ထွက်ခွာမည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့ ယာဉ်တန်းမောင်းနှင်နေတဲ့အချိန်မှာ လက်နက် ကြီးတွေနဲ့ တစ်မိုင်ခွဲ ၂မိုင်လောက်ရောက်တဲ့ လက်နက် ကြီးတွေနဲ့ဘေးဝဲယာကို ရမ်းသန်းပစ်ပြီးသူတို့ယင်းမာပင်မြို့ကို ဝင်လာခဲ့တာ။ အဲဒီ ယာဉ်တန်းက နမခအထိ ဆက်တက်လောက်တယ်။ မနက်ဖြန် ထိတွေ့မှုရှိနိုင်တယ်”ဟု ယင်းမာပင် LDPF ရဲဘော်က ပြောသည်။

စစ်ကောင်စီယာဉ်တန်း၌ ယာဉ်အစီးရေ ၁၀၀ကျော်ပါဝင်ရာ ယာဉ်တန်းလုံခြုံရေး၊ မိုင်းရှာဖွေရေး ဆောင်ရွက်သည့်အပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်သွားလာနေသည်ဟု ဆိုသည်။

“ဒီယာဉ်တန်းကို တစ်မိုင်အတွင်း နှစ်မိုင်အတွင်းလုံး၀ကပ်မရအောင် ယာဉ်တန်းလုံခြုံရေး၊ မိုင်းရှာ ဖွေရေးပါတဲ့အပြင် လက်နက်ကြီးတွေနဲ့ တစ်မိုင်ခွဲ နှစ်မိုင် ပစ်ပြီးတော့ သွားလာတယ် ဒီယာဉ်တန်းကို လုံး၀ ကပ်မရအောင်လုပ်တယ်ဆိုတော့ ၊ ယာဉ်တန်းထဲမှာ ၁၂ဘီးကား ၃စီးပါတာသည် ကျောက်စိမ်းလား ဒါမှမဟုတ် အနောက်တောင်ရိုးပေါ်မှာရှိတယ်ဆိုတဲ့ ဟိုတုန်းက အတည်ပြုမရခဲ့တဲ့ လက်နက်ထုတ်စခန်းကနေ သူတို့လိုအပ်တဲ့ လက်နက်ခဲယမ်းတွေ သယ်လာသလားဆိုတာ တောင်အခုက ဒေသခံတွေ ပြောနေကြတယ်”ဟု ယင်းမာပင် LPDF ရဲဘော်က ပြောသည်။

ဒေသခံ PDF များအနေဖြင့် စစ်ကောင်စီနှင့် လက်နက်အင်အားမမျှသော်လည်း နည်းမျိုးစုံဖြင့် တိုက်ခိုက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ဒေသခံ PDFတွေနဲ့ အခုလိုမျိုး စကစတွေနဲ့ တိုက်ခိုက်နေရတာက ကြိုးဝိုင်းထဲမှာ PDFတွေ ဒေသခံ ပြည်သူတွေက လက်ဝှေ့အိတ် တပ်ဆင်ပြီး သံတုတ်ကိုင်ထားတဲ့သူကို ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ထိုးနေရတဲ့အတိုင်းပါပဲခင်ဗျ”ဟု ယင်းမာပင် LPDF ရဲဘော်က ၎င်းတို့၏ လက်နက်ခဲယမ်း လိုအပ်ချက် အခြေနေကို ပြောပြသည်။

ပုလဲမြို့နယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီ၏ ယာဉ်တန်းကို ယင်းမာပင်ခရိုင် PDF အဖွဲ့များက ယမန်နေ့ ဇွန်လ ၁၅ရက်နှင့် ယနေ့ (ဇွန်လ ၁၆ရက်) များတွင် တိုက်ခိုက်မှုများ ပြုဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိသကဲ့သို့PDF ရဲဘော်အချို့လည်း ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။