Connect with us

Hi, what are you looking for?

သတင်း

ဆော(ပအဖ)ကျန်းမာရေးဌာနတာဝန်ရှိသူများ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး

ကလေးများတွင် သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရလိုအပ်မှုရှိခြင်းများကိုတွေ့ရှိရပြီး သွားနှင့်ခံတွင်းရောဂါများလည်းတွေ့ရှိခဲ့ရကြောင်းနှင့် တတ်နိုင်သည့်ကုသမှုများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - ဆောမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဓာတ်ပုံ - ဆောမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

▪️ဆေးဝါးလိုအပ်မှုများရှိ၍ပံ့ပိုးပေးရန် မေတ္တာရပ်ခံ

မကွေးတိုင်း ဆောမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ယနေ့ (ဇွန် ၁၈ရက်)တွင် ထုတ်ပြန် သည်။

ကွင်းဆင်းစစ်ဆေးသည့် နေရာဒေသနှင့် နေ့ရက်အချိန်ကို ဖော်ပြထားသော်လည်း ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးနေသည့် ဓာတ်ပုံများ ဖော်ပြခဲ့သည်။

ကလေးများတွင် သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရလိုအပ်မှုရှိခြင်းများကိုတွေ့ရှိရပြီး သွားနှင့်ခံတွင်းရောဂါများလည်းတွေ့ရှိခဲ့ရကြောင်းနှင့် တတ်နိုင်သည့်ကုသမှုများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ဆေးဝါးလိုအပ်မှုများရှိသည့်အတွက် ကူညီပံ့ပိုးပေးကြပါရန်လည်း မိဘပြည်သူများထံ မေတ္တာရပ်ခံကြောင်း ဆော(ပအဖ)က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

‌မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ရေးလုံခြုံရေးနဲ့ လမ်းပိုင်းအခြေအနေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်က ကားလမ်းတချို့ကို ပိတ်ထားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင် တပ်ရင်း (၆)က ထုတ်ပြန်ပါတယ်။

ကျန်းမာရေးဆောင်းပါး

Dementia လို့ ခေါ်တဲ့ မှတ်ဥာဏ် ချိုု့ယွင်းမှုရောဂါဟာ လေထုညစ်ညမ်းမှုနဲ့ ဘယ်လိုဆက်စပ်မှုရှိပါသလဲ။ အသက်ကြီးလာရင် ဒီရောဂါမခံစားရအောင် ရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ဘာတွေကို သတိထားလို့၊ ဘယ်လိုလျှော့ချနိုင်ပါသလဲ။