Connect with us

Hi, what are you looking for?

သတင်း

ဆော(ပအဖ)ကျန်းမာရေးဌာနတာဝန်ရှိသူများ ကျောင်းကျန်းမာရေး ကွင်းဆင်းစစ်ဆေး

ကလေးများတွင် သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရလိုအပ်မှုရှိခြင်းများကိုတွေ့ရှိရပြီး သွားနှင့်ခံတွင်းရောဂါများလည်းတွေ့ရှိခဲ့ရကြောင်းနှင့် တတ်နိုင်သည့်ကုသမှုများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - ဆောမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဓာတ်ပုံ - ဆောမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

▪️ဆေးဝါးလိုအပ်မှုများရှိ၍ပံ့ပိုးပေးရန် မေတ္တာရပ်ခံ

မကွေးတိုင်း ဆောမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ယနေ့ (ဇွန် ၁၈ရက်)တွင် ထုတ်ပြန် သည်။

ကွင်းဆင်းစစ်ဆေးသည့် နေရာဒေသနှင့် နေ့ရက်အချိန်ကို ဖော်ပြထားသော်လည်း ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးနေသည့် ဓာတ်ပုံများ ဖော်ပြခဲ့သည်။

ကလေးများတွင် သံဓာတ်ချို့တဲ့ခြင်း၊ အာဟာရလိုအပ်မှုရှိခြင်းများကိုတွေ့ရှိရပြီး သွားနှင့်ခံတွင်းရောဂါများလည်းတွေ့ရှိခဲ့ရကြောင်းနှင့် တတ်နိုင်သည့်ကုသမှုများကိုလည်း ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

ဆေးဝါးလိုအပ်မှုများရှိသည့်အတွက် ကူညီပံ့ပိုးပေးကြပါရန်လည်း မိဘပြည်သူများထံ မေတ္တာရပ်ခံကြောင်း ဆော(ပအဖ)က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

ဗုဒ္ဓဘာသာမှာ ကပ်ကြီး သုံးပါးဆိုတာ ရှိပါတယ်။ ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်တဲ့။ အဓိပ္ပါယ်ကတော့ အများသိပြီးသား ငတ်မွတ်ခေါင်းပါးခြင်းဆိုတဲ့ ဒုဗ္ဘိက္ခန္တရကပ်၊ စစ်မက်ဘေး၊ အချင်းချင်း သတ်ဖြတ်ခြင်းဆိုတဲ့ သတ္ထန္တရကပ်၊ ကူးစက်ရောဂါဘေးဆိုတဲ့ ရောဂန္တရကပ်တွေပါ။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

အတွေးအမြင်

အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

Facebook