Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါနယ်အတွင်း ရာဇဝတ်မှုများကျူးလွန်နေသည့် စစ်ကောင်စီတပ် နှစ်ရက်ဆက်တိုက်ခိုက်ခံရပြီး ရှစ်ဦးခန့်သေ

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဇွန်လ ၁၄ရက်ကတည်းက ဂန့်ဂေါမြို့နယ် ကန်ရွာသို့ဝင်ရောက်သောင်းကျန်းခဲ့ပြီး ပြည်သူများအားဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် တိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)
(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ပြီး စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက်ခိုက်ခဲ့​ကြောင်း PDF – Gangawက ယနေ့ (ဇွန် ၁၈) ထုတ်ပြန်သည်။

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဇွန်လ ၁၄ရက်ကတည်းက ဂန့်ဂေါမြို့နယ် ကန်ရွာသို့ဝင်ရောက်သောင်းကျန်းခဲ့ပြီး ပြည်သူများအားဖမ်းဆီးခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်းနှင့် တိရစ္ဆာန်များအား သတ်ဖြတ်စားသောက်ခြင်းတို့ကို ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် PDF-GanGaw ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါခရိုင်တပ်ရင်း(၁)မှတပ်စိပ် (၃)စိပ်ဖြင့် ဇွန်လ၁၇ ရက်တွင် လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ သုံးဦးဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း ဖော်ပြသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)
(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)

အလားတူ ယနေ့(ဇွန် ၁၈)တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကို ရှေ့ထွက်မိုင်း၊ ပဒေသမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“တိုက်ခိုက်ခံရတဲ့စစ်ကြောင်းက မြောက်ခင်ရန်းကိုပြန်နေပြီလို့ကြားတယ်ဗျ။ (တပ်ဆုတ်တာ) မဟုတ်ဘူးဗျ။ သူတို့သွားမဲ့လမ်းကြောင်းကိုပြန်တာပါဗျ။ ထွက်လာတာက ကန်ရွာထိရောက်တယ်ဗျ။ အဲကနေပြန်လှည့်တာပါ”ဟု ဂန့်ဂေါမြို့နယ်မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)
(ပြည်သူ့ကာကွယ်​ရေးတပ်-ဂန့်​ဂေါမှ တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-PDFဂန်​ဂေါ)

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၁၀၀ကျော်ပါစစ်ကြောင်းနှင့် အင်အား ၁၅၀ကျော်ပါစစ်ကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းသည် မြောက်ခင်းရန်ဘက်သို့ ဦးတည်ထွက်ခွာနေကြောင်း ၎င်းက ဆက်ပြောသည်။

အထက်ပါ နှစ်ရက်တာတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း PDF – Gangaw က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။