Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးတစ်ဦးအပါအဝင် သုံးဦးသေ

အထက်ပါတိုက်ခိုက်မှုကို Guerrilla Warfare – KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်းရိုးရွာအတွင်း မေလ ၂၀ ရက် မွန်းလွဲပိုင်းက မီးလောင်နေသည်ကို အဝေးမှ တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
(စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်းရိုးရွာအတွင်း မေလ ၂၀ ရက် မွန်းလွဲပိုင်းက မီးလောင်နေသည်ကို အဝေးမှ တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်စိပ်တစ်စိပ်အား တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း Guerrilla Warfare – KPK တပ်ဖွဲ့က ယနေ့(ဇွန် ၁၈)ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက တန့်ဆည်မြို့နယ် မူးဂွရွာဘက်မှ ထန်းပင်ဆိပ်​ကျေးရွာဘက်လာသော အင်အား ၂၅ ဦးခန့်ပါ စစ်ကောင်စီတပ်၏ တပ်စိပ်ကို နံနက် ၆ နာရီ ၄၅ တွင် တစ်ကြိမ်၊ ၇ နာရီတွင် တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ဟုတ်တယ်ဗျ။ စခ သုံးကောင်သေတယ်လို့ ကနဦးသတင်းပို့ထားတာရှိပါတယ်”ဟု တန့်ဆည်နယ်မှ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးသည့်ဖြစ်စဥ်အပေါ် တပ်တွင်းသ တင်းရင်းမြစ်၏ ထပ်မံအတည်ပြုချက်အရ ရှစ်ဦးထိခိုက်ဒဏ်ရာရကာ သုံးဦးသေဆုံးကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို Guerrilla Warfare – KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။