Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးတစ်ဦးအပါအဝင် သုံးဦးသေ

အထက်ပါတိုက်ခိုက်မှုကို Guerrilla Warfare – KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

(စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်းရိုးရွာအတွင်း မေလ ၂၀ ရက် မွန်းလွဲပိုင်းက မီးလောင်နေသည်ကို အဝေးမှ တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)
(စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ချောင်းရိုးရွာအတွင်း မေလ ၂၀ ရက် မွန်းလွဲပိုင်းက မီးလောင်နေသည်ကို အဝေးမှ တွေ့မြင်ရစဉ်။ ဓာတ်ပုံ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့)

တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်စိပ်တစ်စိပ်အား တိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် သုံးဦးသေဆုံးကြောင်း Guerrilla Warfare – KPK တပ်ဖွဲ့က ယနေ့(ဇွန် ၁၈)ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက တန့်ဆည်မြို့နယ် မူးဂွရွာဘက်မှ ထန်းပင်ဆိပ်​ကျေးရွာဘက်လာသော အင်အား ၂၅ ဦးခန့်ပါ စစ်ကောင်စီတပ်၏ တပ်စိပ်ကို နံနက် ၆ နာရီ ၄၅ တွင် တစ်ကြိမ်၊ ၇ နာရီတွင် တစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

“ဟုတ်တယ်ဗျ။ စခ သုံးကောင်သေတယ်လို့ ကနဦးသတင်းပို့ထားတာရှိပါတယ်”ဟု တန့်ဆည်နယ်မှ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှသုံးဦးသေဆုံးသည့်ဖြစ်စဥ်အပေါ် တပ်တွင်းသ တင်းရင်းမြစ်၏ ထပ်မံအတည်ပြုချက်အရ ရှစ်ဦးထိခိုက်ဒဏ်ရာရကာ သုံးဦးသေဆုံးကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို Guerrilla Warfare – KPK တပ်ဖွဲ့၊ People Liberation Army(PLA) နှင့် ပလဖ အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။