Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့၏ တည်ထောင်ခြင်း (၁)နှစ်ပြည့်အခမ်းအနားကျင်းပ

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးစသဖြင့် အသီးသီးတက်ရောက်ခဲ့ကြောင်း အသိပေးသည်။

မိုးဗြဲနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့၏ တည် ထောင်ခြင်း (၁)နှစ်ပြည့်အခမ်းအနားကျင်းပ
မိုးဗြဲနှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်တို့၏ တည် ထောင်ခြင်း (၁)နှစ်ပြည့်အခမ်းအနားကျင်းပ

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်နှင့် ဖယ်ခုံပြည်သူ့ကာ ကွယ်ရေးတပ်တို့၏တည်ထောင်ခြင်း (၁)နှစ်ပြည့်အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း MBPDFက ယနေ့(ဇွန် ၁၈ရက်) ထုတ်ပြန်သည်။

ယမန်နေ့(ဇွန် ၁၇ ရက်)က ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် ခွန်အားသစ်နိုးထဖွယ် ဘင်ခရာတီးဝိုင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်များ၏ ရဲစွမ်းအားမာန်အပြည့်၊ ညီညာပြေ ပြစ်လှသည့် စစ်ရေးပြခြင်းသရုပ်ဖြင့် ဒီမိုကရေစီတိုက်ပွဲအတွင်း အသက်ပေးသွားခဲ့ရသော ရဲဘော်များကို အလေးပြုပြီးနောက် မိုးဗြဲနှင့် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်များပေါ်ပေါက်လာပုံ ဖြစ်စဉ် သမိုင်းအကျဉ်းကို ဖတ်ကြားခဲ့သည်ဟု ဆိုသည်။

အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ် ရေးဝန်ကြီးဌာန အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးချုပ်၊ ညီနောင်မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီးစသဖြင့် အသီးသီးတက်ရောက်ခဲ့ကြောင်း အသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညီနောင်မဟာမိတ်အဖွဲ့အသီးသီးမှ ပေးပို့လာသော သဝဏ်လွှာများဖတ်ကြားပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော သက်ဆိုင်ရာ လူကြီးအသီးသီးမှ ဂုဏ်ပြုမိန့်ခွန်းများ ပြောကြားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်သည် ပြည်တွင်း၊ ပြည်ပမှ မိဘပြည်သူများ၏ အားပေးထောက်ခံ့ဝန်းရံမှုကြောင့်သာ တစ်နေ့တခြား ကျစ်လစ်တောင့်တင်းလာခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတွန်းလှန်ခဲ့သည့်ကာလသည် ယခုဆိုလျှင် (၁)နှစ်ပြည့်ခဲ့ကြောင်း ဖော်ပြ သည်။

ဆင်းရဲမှုအထွေထွေ၊ သောကပေါင်းအလီလီကို ထမ်း ရွက်နေရသော မိဘပြည်သူများအနေဖြင့်လည်း ဆက်လက်ပြီး အားတင်းထားရန် MBPDFက အထူးတိုက်တွန်းသည်။

တော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်ကို အစဉ်အမြဲ နှလုံးသွင်းပြီး မလျော့သောဇွဲ၊ လုံ့လများဖြင့် စစ်အာဏာ ရှင်စနစ်ကို ဆက်လက်တော်လှန်ရန် အင်မတန်အရေး ကြီးသည်ဟုလည်း MBPDFက ပြောသည်။

MB PDFသည် ပြည်သူကို မျက်နှာမူပြီး တစ်နိုင်ငံလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များနည်းတူ အကြမ်းဖက်စစ်ကောင် စီတပ်ကို ဆထက်တိုး၍ ခုခံတွန်းလှန်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။