Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်မှူး၏ ယာဥ်ကို ​ဒေသကာကွယ်​ရေးတပ် သိမ်းဆည်း

ယခုလ ၁၀ ရက်ကလည်း ရေစကြိုမြို့နယ် ကျောက်လှေခါး တိုးဂိတ် Earthquake People’s Defense Force မှ ရေစကြိုPDF နှင့် ပူးတွဲ၍ မိုင်းဆွဲတိုက်ခိုက်ထား သည်။

ရေစကြိုမြို့နယ်မှူး၏ ယာဥ်ကို ​ဒေသကာကွယ်​ရေးတပ် သိမ်းဆည်း
ရေစကြိုမြို့နယ်မှူး၏ ယာဥ်ကို ​ဒေသကာကွယ်​ရေးတပ် သိမ်းဆည်း

စစ်ကောင်စီလက်အောက်ခံ ရေစကြိုမြို့နယ်မှူး၏ ယာဥ်ကိုဖမ်းဆီးသိမ်းယူနိုင်ခဲ့ကြောင်း Earthquake People`s Defense Forceက ယနေ့ (ဇွန် ၁၈ ရက်) ထုတ်ပြန်သည်။

ရေစကြိုမှ ပခုက္ကူမြို့သို့ အဆိုပါယာဥ်သွားလာမှုကိုရက်​ပေါင်း(၂၀)ကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ယမန်နေ့ နံနက်ပိုင်းတွင် သိမ်းဆည်းနိုင်ခဲ့ခြင်းဟု ဆိုသည်။

သိမ်းဆည်းစဥ် မြို့နယ်မှူးလက်အောက်ခံ ရဲနှင့်စစ်သားများလာရောက်မည်ဟု သတင်းရရှိသောကြောင့် ပစ်ခတ်ရန်စောင့်ဆိုင်းခဲ့သည်ဟုလည်း အသိပေးသည်။

သို့သော် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့မှ မလာသဖြင့် ကားအားတော်လှန်ရေးအသုံး အဆောင်အဖြစ်ထိန်းသိမ်းလိုက်ပြီဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“မြို့နယ်မှူးစီးတဲ့ကားအထိ တက်သိမ်းနိုင်ခဲ့တာဆိုတော့ ကျွန်တော်တို့တွေ အသက်တွေရင်း ဆောင်ရွက်နေရတယ်ဆိုတာ ပြည်သူတွေကို သိစေချင်တယ်။နောက်ပြီး အဲဒီကားကို ကျွန်တော်တို့ တိုက်ဖို့ လုပ်တာ။ဖြစ်ချင်တော့ သူတို့ကား က စောထွက်သွားလို့ နောက်ယောင်ခံလိုက်တဲ့အချိန် ဝပ်ရှော့ ဆိုင်ဝင်ထိုးတယ်။သူတို့ ရှိသေးတယ် အထင်နဲ့ ဝင်လုံးတာ လူမရှိတော့ဘဲ ကားနဲ့ ကားထဲက ဖုန်းတချို့ပဲ ရခဲ့တယ်”ဟု Earthquake people`s Defense Forceမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဖြစ်စဥ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ဝပ်ရှော့ဆိုင်မှ ပြည်သူများကို ပြန်လွှတ်ပေးခဲ့သော်လည်း ခရီးသွားလာခွင့် ပိတ်ပင်လိုက်သည်ကို ကြားသိရကြောင်း ၎င်းက ဆိုသည်။

” ခိုင်မာ နော်ဇယ်ပန့်ပြုပြင်ရေးဆိုင်မှာ ပြင်ဖို့လာအပ်ထားတဲ့အချိန် ဝင်သိမ်းသွားတာ။ဆိုင်က ပိုင်ရှင်နဲ့ အလုပ်သမားသုံးဦး ဖမ်းခံရတယ်လို့ သိရတယ်။ပြန်လွတ်၊မလွတ်တော့ မသိရသေးဘူး။ နောက်ပြီး တစ်မြို့လုံးကို စခနဲ့ ရခတွေ ပေါင်းစစ်နေတာ ညနေထိပဲ”ဟု ရေစကြိုမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ယခုလ ၁၀ ရက်ကလည်း ရေစကြိုမြို့နယ် ကျောက်လှေခါး တိုးဂိတ် Earthquake People’s Defense Force မှ ရေစကြိုPDF နှင့် ပူးတွဲ၍ မိုင်းဆွဲတိုက်ခိုက်ထား သည်။

တော်လှန်ရေးကို အရှိန်မြင့်စွာဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့များနှင့် ဝေးဝေးမှနေထိုင်ရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။