Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာနယ်တွင် စစ်ကောင်စီတပ် အင်အား ၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေ၍ ပြည်သူများဘေးလွတ်ရာရှောင်တိမ်းကြရန် သတိပေး

အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းများသည် ကသာမြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိစစ်ကြောင်းမှာ ပုလွှေရွှေရွာဘက်သို့လည်းကောင်း၊ အင်အား ၁၀၀ကျော်ပါအခြားစစ်ကြောင်းတစ်ခုမှာ ကျောက်ထုံးကြီးဘက်သို့လည်းကောင်း အသီးသီးထွက်ခွာနေသည်ဟု ဖော်ပြ သည်။

ကသာနယ်
ကသာနယ်

ကသာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၂၀၀ကျော်ဖြင့် ကျေးရွာများဘက်သို့စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများရှိနေခြင်းကြောင့် ​ဒေသခံပြည်သူများဘေးလွတ်ရာကြိုတင်ရှောင်ရှားကြရန် ကသာမြို့နယ် (ပကဖ)က ယနေ့(ဇွန် ၁၉)အသိ ပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းများသည် ကသာမြို့ပေါ်မှ အင်အား ၁၀၀ခန့်ရှိစစ်ကြောင်းမှာ ပုလွှေရွှေရွာဘက်သို့လည်းကောင်း၊ အင်အား ၁၀၀ကျော်ပါအခြားစစ်ကြောင်းတစ်ခုမှာ ကျောက်ထုံးကြီးဘက်သို့လည်းကောင်း အသီးသီးထွက်ခွာနေသည်ဟု ဖော်ပြ သည်။

ပုလွှေရွှေကျေးရွာဘက်သို့သွားသော စစ်ကြောင်းသည် ယနေ့နေ့လယ် ၁ နာရီခွဲခန့်က ပုလွှေရွှေကျေးရွာဆိပ်ကမ်းအတက်တွင် လက်နက်ကြီးဖြင့် ရမ်းပစ်ရာ နေအိမ်တစ်လုံးပေါ်ကျပြီး အသက် ၃၀ကျော်အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ထို့အပြင် အခြားစစ်ကြောင်းတစ်ခုသည်ပုလွှေရွှေကူးတို့ပိုင်ရှင် ဝင်းထွန်း၏ သံခွန်စက်လှေကြီးနှစ်စီးဖြင့် ကျောက်ထုံးကြီးဘက်သို့ ဆန်တက်လျက်ရှိရာ ဒုံးအော့ဆိပ်ကမ်းအနီးရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ကသာမြို့နယ် အရှေ့ဘက်ကမ်းပြည်သူများ အမြန်စစ်ဘေးရှောင်ပေးထားကြပါရန် ပန်ကြားအပ်ပါသည်။ လိုင်းရသူများ ကျွန်တော်တို့ Admin Team မှ နိူးဆော်ချက်အား ဒေသခံပြည်သူများအား ဖုန်းဖြင့်သော်၎င်း၊ အခြားနည်းဖြင့်သော်၎င်း သတင်းပေးပို့ပေးကြပါ ခင် ဗျာ”ဟု ကသာ(ပကဖ)မှ အသိပေးသည်။

ထို့ကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းများဦးတည်လာနိုင်သည့် ပုလွှေရွှေ၊ အင်းဒရံ၊ ဒုံးအော့၊ မြိုင်သာယာ၊ အထက်သဖန်းဒေါင့်၊ အောက်သဖန်းဒေါင့်၊ ရေနီ၊ ကျောက်ထုံးကြီး၊ နွယ်နီ ကျေးရွာများမှ ပြည်သူများအ​နေဖြင့် ဘေးလွှတ်ရာသို့ ရှောင်တိမ်းကြရန် နိူးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။