Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ဆန္ဒနှင့် တသားတည်း ရပ်တည်နေဟု CRPH ပြော

ဒေါ်အောင်ဆန်းစုကြည်၏ အမှန်တရားကို လေးစားယုံကြည်မြတ်နိုးသည့် စိတ်ဓာတ် နှင့်အတူ သမိုင်းတလျှောက်တွင် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ရှေ့မှ မားမားမတ်မတ် ရပ်တည်လျက် ဒီမိုကရေစီအုတ်မြစ် ခိုင်မာရေးကို ရဲရဲဝံ့ဝံ့ ကြိုးစားအားထုတ်ခဲ့သည့် သမိုင်း လုပ်ရပ်များအ တွက် တန်ဖိုးထားလေးစားဂုဏ်ယူကြောင်း CRPH က ဖော်ပြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ သဝဏ်လွှာ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ သဝဏ်လွှာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့ဆန္ဒနှင့် တသားတည်း ရပ်တည်ဆောင်ရွက်ပေးနေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ သဝဏ်လွှာ၌ ဖော်ပြ သည်။

ယနေ့ကျရောက်သော ပြည်သူ့ခေါင်းဆောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်၏ (၇၇)နှစ်ပြည့်မွေးနေ့တွင် ပေးပို့သောသဝဏ်လွှာ၌ ဖော်ပြခြင်းဖြစ်ပြီး မွေးနေ့တွင် နိုင်ငံသူနိုင်ငံသားများနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသားများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ သဝဏ်လွှာ
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ သဝဏ်လွှာ

ဒေါ်အောင်ဆန်းစုကြည်၏ အမှန်တရားကို လေးစားယုံကြည်မြတ်နိုးသည့် စိတ်ဓာတ် နှင့်အတူ သမိုင်းတလျှောက်တွင် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ရှေ့မှ မားမားမတ်မတ် ရပ်တည်လျက် ဒီမိုကရေစီအုတ်မြစ် ခိုင်မာရေးကို ရဲရဲဝံ့ဝံ့ ကြိုးစားအားထုတ်ခဲ့သည့် သမိုင်း လုပ်ရပ်များအ တွက် တန်ဖိုးထားလေးစားဂုဏ်ယူကြောင်း CRPH က ဖော်ပြသည်။

အာဏာရှင်ခေတ်အဆက်ဆက်တွင် အသက်သွေးချွေးပေးဆပ်ကာ တရားမျှတမှုအတွက် ပါဝင်တော်လှန်ခုခံခဲ့ကြသည့် သူရဲကောင်းများအားလုံးနှင့်တကွ လက်ရှိနွေဦး တော်လှန်ရေးတွင်လည်း အဖက်ဖက်မှပူးပေါင်းပါဝင်တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းများ အားလုံးကို လေးစားဂုဏ်ပြုကြောင်း ဆက်လက်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်အထိ အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ပြတ်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသေး၍ ငြိမ်းချမ်းသော နိုင်ငံတော်ကိုမတည်ဆောက်နိုင်သေးသော်လည်း ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုနှင့်တကွ ခေါင်း ဆောင်များသည် မလျော့သော ဇွဲလုံလဝီရိယများ၊ ခွန်အားသစ်များဖြင့် ယုံကြည်ရာ ဦးတည်ချက်သို့ ရှေ့ဆက်ချီတက် လျှောက်လှမ်းနေကြဆဲဖြစ်ကြောင်း CRPH က ဆိုသည်။

အားလုံး ထပ်တူမျှော်လင့်တောင့်တနေသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို မဝေးသော အချိန်ကာလတွင် စည်းလုံးမှုကို အခြေခံကာ ညီညွတ်မှုအားဖြင့် တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း CRPH က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။