Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင်ခရိုင်စကစအဖွဲ့ဝင်တစ်ဦးကိုပစ်ခတ်သုတ်သင်​သောဖြစ်စဥ်တွင် ​ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ဟုဆို

ပစ်ခတ်ရှင်းလင်းခံရပြီးနောက်အကြမ်းဖက်စစ်တပ်ကပြောက်ကျားတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးရာMonywaHero Groupအဖွဲ့ကဗိုလ်လရောင်ဆိုသူသေဆုံးခဲ့ပြီး ပစ္စတို သေနတ်နှစ်လက်လည်း သိမ်းဆည်းရမိသ​ည်ဟုစစ်ကောင်စီဝါဒဖြန့်မီဒီယာများက​ဖော်ပြသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်စစ်ကောင်စီဝင်တစ်ဦး ရှင်းလင်းခံရသည့်ဖြစ်စဥ်တွင် ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇွန်လ ၁၉ရက်နေ့)နံနက် ၇နာရီ ၄၃မိနစ်ခန့်ကမုံရွာမြို့၊ကျောက္ကာလမ်းတွင် စစ်တပ်၏ မုံရွာခရိုင်စကစအဖွဲ့ဝင်အသက်၄၃ နှစ်အရွယ်ဦးသန့်ဇော်ထွန်းဆိုသူကားမောင်းလာစဥ် ပစ်ခတ်ရှင်းလင်းခံရသည်။ ထို့အပြင် နောက်မှလိုက်လာသော ရဲတစ်ဦးပါ ထပ်မံပစ်ခတ်ခံရသည်ဟု ဒေသခံများက ပြောသည်။

ခရိုင် စကစအဖွဲ့ဝင်သည် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ နှင်းဆီလမ်းနေ သရဖူဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ရှင်းလင်းခံရပြီးနောက်အကြမ်းဖက်စစ်တပ်ကပြောက်ကျားတပ်ဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးရာMonywaHero Groupအဖွဲ့ကဗိုလ်လရောင်ဆိုသူသေဆုံးခဲ့ပြီး ပစ္စတို သေနတ်နှစ်လက်လည်း သိမ်းဆည်းရမိသ​ည်ဟုစစ်ကောင်စီဝါဒဖြန့်မီဒီယာများက​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သို့​သော်ဖမ်းဆီးသတ်ဖြတ်ခံရသူသည် Monywa Heroes Group-MHG အဖွဲ့က မဟုတ်ကြောင်း ၎င်းအဖွဲ့တာဝန်ရှိသူက ပြောသည်။

“အသတ်ခံရတဲ့လူဟာ မြို့တော်ဝန်အဖြစ်ရွေးချယ်ခံထားရတဲ့လူလို့ သိရပါတယ်ခင်ဗျ။ ကျဆုံးသွားသောရဲဘော်ဟာ MHG က မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေး ဒါမှမဟုတ် အခြားအဖွဲ့အစည်းတစ်ခုခုကပါ။ ကျဆုံးသွားသောရဲဘော်ဟာ မှတ်ပုံတင်ပါသွားတဲ့အတွက် သူ့မိသားစု ဝင်တွေပါ အဖမ်းခံထားရပါတယ်ဗျ။ စစ်ကောင်စီ ရဲ့ ဝါဒဖြန့် မီဒီယာကနေပြီး ကျွန်တော်တို့ဘက်ကလို့ တင်ထားပါတယ်။ ကျွန်တော်တို့ မဟုတ်ပါဘူးဗျ။ MHGက မဟုတ်ပေမယ့် ကျဆုံးသွားတဲ့အတွက် ကျွန်တော်တို့လည်း ဝမ်းနည်း မိပါတယ်။”ဟုMHG အဖွဲ့ တာဝန်ရှိသူက ပြောသည်။

လုံခြုံရေးအ​ခြေအနေအရ အသေးစိတ် ပြောမပြနိုင်ခြင်းဖြစ်ကြောင်း Monywa Heroes Group အဖွဲ့ တာဝန်ရှိသူကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။