Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုင်းကွင်းတွင်နား​နေ​သော စစ်​ကောင်စီစစ်​ကြောင်းကိုမိုင်းဆွဲတိုက်ခိုက် ၂၀ ဦးခန့်​သေဟု L.D.F(က​​လေး)​ပြော

အင်အား ၁၃၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ချင်းဆိုင်ရွာတောင်ဖက် ကလေး-ဂန့်ဂေါကားလမ်း အရှေ့ဖက် ငှက်ပျောတောတိုက်နားတွင် မိုင်း ၈ လုံးဖြင့် KALAY UGFက ယ​နေ့နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်အတွက်နိုင်ငံတစ်ဝန်းခုခံ​​တော်လှန်စစ်များကို သမိုင်းတစ်​လျှောက်မကြုံဖူး​အောင်ဆက်တိုက်ရင်ဆိုင်​နေရခြင်ဖြစ်သည်)
(စစ်​ကောင်စီတပ်အတွက်နိုင်ငံတစ်ဝန်းခုခံ​​တော်လှန်စစ်များကို သမိုင်းတစ်​လျှောက်မကြုံဖူး​အောင်ဆက်တိုက်ရင်ဆိုင်​နေရခြင်ဖြစ်သည်)

ကလေးမြို့တောင်ပိုင်းတွင် ထိုမာရွာမှ ကလေးမြို့ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို မိုင်းကွင်း၌ နား​နေစဥ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးခဲ့ကြောင်း L.D.F(KALAY)က ထုတ်ပြန်သည်။

အင်အား ၁၃၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ချင်းဆိုင်ရွာတောင်ဖက် ကလေး-ဂန့်ဂေါကားလမ်း အရှေ့ဖက် ငှက်ပျောတောတိုက်နားတွင် မိုင်း ၈ လုံးဖြင့် KALAY UGFက ယ​နေ့နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ထိုမာရွာမှဇွန် ၂၁ ရက်မနက် ၇နာရီခန့်တွင်ထွက်ခွာလာပြီး နံနက် ၈နာရီခန့်တွင် အသင့်ဆင်ထား​သောမိုင်းကွင်းတွင် စုပေါင်းနားနေစဉ် မိုင်း ၈လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်က​ဖော်ပြသည်။

ထိုတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား၂၀ဦးခန့်သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟုL.D.F(က​လေး)က ထုတ်ပြန်သည်။သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကိုလူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွား​​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်စစ်ကြောင်းသည့် ဂန့်ဂေါမြို့ဘက်မှာစစ်ကြောင်းထွက်လာပြီး နတ်‌မြောင်းနှင့် နတ်ချောင်းရွာတို့မှတဆင့် စစ်ကြောင်းနှစ်ကြောင်းဖြင့် ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ယခုတိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ထိုစစ်ကြောင်းနှစ်ခုအနက်မှ တစ်ခုဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ကလေးမြို့တောင်ပိုင်းက စစ်ရေးတင်းမာနေလို့အခြေအနေတွေအသေးစိပ်မသိရသေးပါဘူး”ဟု ၎င်းကဆက်​ပြောသည်။

ကလေးမြို့တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး ထိုဒေသကို ခရီးသွားလာခြင်းမပြုရန်ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။