Connect with us

Hi, what are you looking for?

သတင်း

မိုင်းကွင်းတွင်နား​နေ​သော စစ်​ကောင်စီစစ်​ကြောင်းကိုမိုင်းဆွဲတိုက်ခိုက် ၂၀ ဦးခန့်​သေဟု L.D.F(က​​လေး)​ပြော

အင်အား ၁၃၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ချင်းဆိုင်ရွာတောင်ဖက် ကလေး-ဂန့်ဂေါကားလမ်း အရှေ့ဖက် ငှက်ပျောတောတိုက်နားတွင် မိုင်း ၈ လုံးဖြင့် KALAY UGFက ယ​နေ့နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်အတွက်နိုင်ငံတစ်ဝန်းခုခံ​​တော်လှန်စစ်များကို သမိုင်းတစ်​လျှောက်မကြုံဖူး​အောင်ဆက်တိုက်ရင်ဆိုင်​နေရခြင်ဖြစ်သည်)
(စစ်​ကောင်စီတပ်အတွက်နိုင်ငံတစ်ဝန်းခုခံ​​တော်လှန်စစ်များကို သမိုင်းတစ်​လျှောက်မကြုံဖူး​အောင်ဆက်တိုက်ရင်ဆိုင်​နေရခြင်ဖြစ်သည်)

ကလေးမြို့တောင်ပိုင်းတွင် ထိုမာရွာမှ ကလေးမြို့ဘက်သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်ကို မိုင်းကွင်း၌ နား​နေစဥ်မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးခဲ့ကြောင်း L.D.F(KALAY)က ထုတ်ပြန်သည်။

အင်အား ၁၃၀ကျော်ပါသည့် စစ်ကောင်စီတပ်ကို ချင်းဆိုင်ရွာတောင်ဖက် ကလေး-ဂန့်ဂေါကားလမ်း အရှေ့ဖက် ငှက်ပျောတောတိုက်နားတွင် မိုင်း ၈ လုံးဖြင့် KALAY UGFက ယ​နေ့နံနက်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ထိုမာရွာမှဇွန် ၂၁ ရက်မနက် ၇နာရီခန့်တွင်ထွက်ခွာလာပြီး နံနက် ၈နာရီခန့်တွင် အသင့်ဆင်ထား​သောမိုင်းကွင်းတွင် စုပေါင်းနားနေစဉ် မိုင်း ၈လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်က​ဖော်ပြသည်။

ထိုတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား၂၀ဦးခန့်သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူအများအပြားရှိခဲ့သည်ဟုL.D.F(က​လေး)က ထုတ်ပြန်သည်။သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သားများကိုလူနာတင်ယာဉ်များဖြင့် သယ်ဆောင်သွား​​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်​ကောင်စီတပ်စစ်ကြောင်းသည့် ဂန့်ဂေါမြို့ဘက်မှာစစ်ကြောင်းထွက်လာပြီး နတ်‌မြောင်းနှင့် နတ်ချောင်းရွာတို့မှတဆင့် စစ်ကြောင်းနှစ်ကြောင်းဖြင့် ကလေးမြို့တောင်ပိုင်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ ယခုတိုက်ခိုက်ခံရသည့် စစ်ကြောင်းသည် ထိုစစ်ကြောင်းနှစ်ခုအနက်မှ တစ်ခုဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“ကလေးမြို့တောင်ပိုင်းက စစ်ရေးတင်းမာနေလို့အခြေအနေတွေအသေးစိပ်မသိရသေးပါဘူး”ဟု ၎င်းကဆက်​ပြောသည်။

ကလေးမြို့တောင်ပိုင်းတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး ထိုဒေသကို ခရီးသွားလာခြင်းမပြုရန်ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။