Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တ​​လေးကားလမ်းတွင် စစ်​ကောင်စီယာဥ်တန်းနှင့်ကင်းပုန်းကား သုံးကြိမ်တိုက်ခိုက်ခံရ​၊ သေဆုံးထိခိုက်မှုများဟုဆို

အကြမ်းဖက်စစ်တပ်ကရမ်းသမ်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ပြီး လမ်း​ဘေးရှိ ၎င်းတို့၏ ကင်းပုန်းစစ်သားများကို အော်ဟစ်ဆဲဆိုခဲ့သည်ဟုသိရသည်။ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သူများအား အိမ်စီးကားများဖြင့် လာရောက်သယ်ယူသွားသည်ဟု MRAက အသိပေးသည်။

(မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် MRA ရဲဘော်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-MRA)
(မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် MRA ရဲဘော်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-MRA)

စစ်ကိုင်းတိုင်း၊မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင်စစ်ကောင်စီယာဥ်တန်းနှင့်ယာဥ်တန်းအားလုံခြုံရေးယူပေးမည့်ကင်းပုန်းချကားအပါအဝင်၃ကြိမ်တိုင်တိုက်ခိုက်ခဲ့ရာစစ်သား သေဆုံးမှုများကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် MRA က သတင်းထုတ်ပြန်သည်။

ယနေ့ (ဇွန်လ၂၁ရက်)နံနက် ၁ဝ နာရီတွင် အကြမ်းဖက်စစ်တပ်ယာဥ်တန်းအား လုံခြုံရေးယူရန်ထွက်ခွာလာသည့် ကင်းသမား ၁၅ဦးပါ Canda ကားအဖြူတစ်စီးအား ချောင်းဦးနှင့်မြင်းမူမြို့ကြားတွင် MRAက စတင်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုတွင် စစ်​ကောင်စီ၏လုံခြုံရေးကင်းသမားများ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း MRA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက်နံနက်၁၁ နာရီခွဲခန့်တွင် မုံရွာမှထွက်ခွာလာသော အစီး ၁၀၀၀ခန့်ပါစစ်ကောင်စီတပ်ယာဥ်တန်းအားမြေနဲကျေးရွာနှင့်မင်းရွာကြား၌ပဒေသာမိုင်းဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီးဒဏ်ရာရသူအများအပြားရှိကြောင်းမြေပြင်ကင်းထောက်ရဲဘော်များက အတည်ပြုသည်ဟု MRA ကဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်ကရမ်းသမ်းပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ပြီး လမ်း​ဘေးရှိ ၎င်းတို့၏ ကင်းပုန်းစစ်သားများကို အော်ဟစ်ဆဲဆိုခဲ့သည်ဟုသိရသည်။ အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သူများအား အိမ်စီးကားများဖြင့် လာရောက်သယ်ယူသွားသည်ဟု MRAက အသိပေးသည်။

ထိုအပြင်နေ့လယ် ၁ နာရီခန့်တွင်လည်းယာဥ်တန်း၏ရှေ့ဆုံးကားနှစ်စီးအား ချောင်းဦးနှင့်မြင်းမူမြို့ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိကြောင်း MRA၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် MRAထံ People’s Springက ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။ အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယနေ့နေ့လယ်ပိုင်းကပင် ​မုံရွာ-မန္တလေးလမ်းမကြီးပေါ်၌ ဖြတ်သန်းလာသည့် အကြမ်းဖက်စစ်တပ်ယာဥ်တန်းအား မုံရွာမြို့နယ်အတွင်း နှစ်နေရာ၊ မြင်းမူမြို့နယ်အတွင်း နေရာ၃နေရာ၌ ဒေသတွင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ