Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ကျေးရွာများကို မီးရှို့ဖျက်ဆီး

ဇွန်လ၂၀ရက်ညတွင် တိုက်ခိုက်ခံရပြီးနောက် ယနေ့(ဇွန် ၂၁ရက်)တွင် နေအိမ် ၁၀၀ခန့်ရှိ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်မြောက်ရွာကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

(ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ဘေးရှောင်နေရသည့် ယင်းမာပင်မြို့နယ်မှ ဒေသခံများ တောတစ်နေရာ၌ စစ်ဘေးရှောင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ယနေ့ နံနက်အစောပိုင်းကစ၍ စစ်ဘေးရှောင်နေရသည့် ယင်းမာပင်မြို့နယ်မှ ဒေသခံများ တောတစ်နေရာ၌ စစ်ဘေးရှောင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်အတွင်း တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် အရပ်သားနေအိမ်များကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးနေသည်။

ယင်းမာပင်မြို့နယ် စည်ပင်ရုံးအပါအဝင် စစ်ကောင်စီတပ်စွဲထားသည့် နေရာအချို့အား ယင်းမာပင်မြို့နှင့် ဆားလင်းကြီးမြို့အခြေစိုက် ပြည်သူ့ကာကွယ် ရေးအဖွဲ့များက ဇွန်လ၂၀ရက် ညတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

” ညကတော့ ကျွန်တော်တို့ဘက်က လိုက်တိုက်တာ။ ကျွန်တော်တို့ပစ်တဲ့လက်နက်ကြီးမှန်လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်တာရှိတယ်။ အရေအတွက်ကို မသိရဘူး။ ပြည်သူ့ရဲဘော်ဘက်ကတော့ နှစ်ဦး မစိုးရိမ်ရဒဏ်ရာရတယ်”ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇွန်လ၂၀ရက်ညတွင် တိုက်ခိုက်ခံရပြီးနောက် ယနေ့(ဇွန် ၂၁ရက်)တွင် နေအိမ် ၁၀၀ခန့်ရှိ ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်မြောက်ရွာကို စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ဇွန်၂၀ရက်မနက်က ကောင့်ဆင့်ရွာကို စစ်ကောင်စီက ဝင်မွှေတယ်။ အိမ် ၂၀လောက် မီးရှို့ခံရတယ်။ အရပ်သားတစ်​ယောက် အသတ်ခံရတယ်။ ကောင်းဆင့်ရွာကို မီးရှို့လို့ ပြည်သူ့ကာကွယ် ရေးရဲဘော်တွေက ညဘက်မှာ စစ်ကောင်စီတပ်ကို တိုက်တာ။ မနက်ကျတော့ မိုးကြိုးပြင်မြောက်ရွာကို ဝင်မွှေပြန်တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဇွန်လ၂၀ရက်ညက တိုက်ခိုက်မှုကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် ယင်းမာပင်နှင့် ဆားလင်းကြီးမြို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။