Connect with us

Hi, what are you looking for?

သတင်း

ဥက္ကံမြို့နယ်မှ ပြည်သူ့စစ်ခေါင်းဆောင်ကို PDF ပစ်ခတ်ရှင်းလင်း

ပြည်သူများသတင်း​ပေးတိုင်ကြားမှုအပြင် အဖွဲ့ကိုယ်တိုင် ​အောင်မိုးအား သေချာစုံစမ်းပြီး ဥက္ကံမြို့ ပြည်သူ့စစ်​ခေါင်​ဆောင် ၊ပျူ​စောထီး ဒုတိယ​ခေါင်း​ဆောင်ဖြစ်​ကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု ၎င်က ဆက်​ပြောသည်။

ဥက္ကံမြို့နယ်
ဥက္ကံမြို့နယ်

ရန်ကုန်တိုင်း ဥက္ကံမြို့မှ စစ်ကောင်စီထောက်တိုင် ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူကို ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဥက္ကံ)မှ ယနေ့(ဇွန် ၂၂) ထုတ်ပြန်သည်။

တိုက်ကြီးမြိ့နယ်၊ ဥက္ကံမြို့ကင်းမတီးအလယ်ရွာမှ ပြည်သူ့စစ်ခေါင်းဆောင် အောင်မိုးအားပြည်သူများ၏​သတင်း​ပေးတိုင်ကြားချက်အရသေနတ်ဖြင့်ခြောက်ချက် ပစ်ခတ်၍ ရှင်းလင်းခဲ့သည်ဟု ဖော်ပြသည်။

“ငါးချက်နဲ့မသေဘူး။ ခြေထောက်လှမ်းဆွဲသေးတာ။ ခြောက်ချက်မြောက်မှာ ခေါင်းတေ့ပစ်မှ သေတာ”ဟု ဥက္ကံ PDF မှတာဝန်ရှိသူက ပြောသည်။

ပြည်သူများသတင်း​ပေးတိုင်ကြားမှုအပြင် အဖွဲ့ကိုယ်တိုင် ​အောင်မိုးအား သေချာစုံစမ်းပြီး ဥက္ကံမြို့ ပြည်သူ့စစ်​ခေါင်​ဆောင် ၊ပျူ​စောထီး ဒုတိယ​ခေါင်း​ဆောင်ဖြစ်​ကြောင်းအတည်ပြုနိုင်ခဲ့သည်ဟု ၎င်က ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့အနေဖြင့် စစ်အာဏာရှင်နှင့် ထောက်တိုင်များကို ယခုထက်မက သုတ်သင်ရှင်းလင်းသွားမည်ဖြစ်ကြောင်းဥက္ကံPDF မှအထက်ပါ တာဝန်ရှိသူက ပြည်သူထံ အသိ ပေးသည်။

ဥက္ကံPDF က စစ်ရေးလှုပ်ရှားမှုအနေဖြင့် စစ်ဆင်​ရေး(၈) ခု​ မြောက်ပြုလုပ်ခဲ့ဖူးသည်။စစ်ကောင်စီတပ်ရင်းမှူးကားအား မိုင်းဆွဲခြင်း၊ ဥက္ကံမှပျူခေါင်းဆောင် မြင့်သိန်း၏တပည့်များကို ပစ်ခတ်ရှင်းလင်းခြင်း ၊မြို့နယ်YMYA ဥက္ကဌကို ရှင်းလင်းရှင်း၊ တိုက်ကြီးတိုးဂိတ်အဟောင်းကိုဗုံးခွဲတိုက်ခိုက်ခြင်း၊ တိုက်ကြီးမှ စစ်​ကောင်စီ​ဒေါက်တိုင်ဘဏ်ကိုမိုင်းခွဲတိုက်ခိုက်ခြင်းစ​သော စစ်ဆင်​ရေးများပြုလုပ်ခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို ဥက္ကံ PDF အနေနဲ့စစ်အာဏာရှင်ဒေါက်တိုင်​​တွေကိုဒီထက်မက ရှင်းလင်းသုတ်သင်သွားမယ်ဆိုတာကိုပြည်သူ​တွေကို အသိ​ပေးလိုပါတယ်”ဟုဥက္ကံPDF မှတာဝန်ရှိသူက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ