Connect with us

Hi, what are you looking for?

သတင်း

မြန်မာတွင်စစ်တပ်အာဏာသိမ်းမှုကြောင့်အာဆီယံ၏ကုန်သွယ်ရေးဆွေးနွေးမှုများကိုနှောင့်နှေးစေဟု မလေးရှားပြော

ယင်းကိုကျော်လွှားဖြေရှင်းရန် အာဆီယံသည် အဖွဲ့ဝင် ၉ နိုင်ငံဖြင့်သာ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောတူညီချက်များ လုပ်ဆောင်ရေးသင့်၊ မသင့်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးကအကြံပြုသည်။

(စစ်​ကောင်စီ နိုင်ငံခြား​ရေးဝန်ကြီးကိုတက်ခွင့်မပြု​သော အာဆီယံ-အိန္ဒိယ နိုင်ငံခြား​ရေးဝန်ကြီးများအစည်းအဝး။ ဓါတ်ပုံ- ဓာတ်ပုံ - Malaymail)
(စစ်​ကောင်စီ နိုင်ငံခြား​ရေးဝန်ကြီးကိုတက်ခွင့်မပြု​သော အာဆီယံ-အိန္ဒိယ နိုင်ငံခြား​ရေးဝန်ကြီးများအစည်းအဝး။ ဓါတ်ပုံ- ဓာတ်ပုံ - Malaymail)

မြန်မာတွင်စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲအကျပ်အတည်းကြောင့် အာဆီယံနိုင်ငံများနှင့် စီးပွားရေးမိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုများသည် နှောင့်နှေးခဲ့ရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဇွန် ၂၀ ရက်တွင် ပြောသည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ဘုံသဘောတူဆုံးဖြတ်ချက်အပေါ် အခြေခံထား၍ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏အတည်ပြုချက်ပျက်ကွက်မှုမှာ အတားအဆီးဖြစ်စေနိုင်ပြီး အာဆီယံ၏ညှိနှိုင်းမိတ်ဖက်များနှင့်အလားအလာရှိသောသဘောတူညီချက်များတွင် မြန်မာကအနှောင့်အယှက် ဖြစ်နေခြင်းဖြစ်သည်။

ယင်းကိုကျော်လွှားဖြေရှင်းရန် အာဆီယံသည် အဖွဲ့ဝင် ၉ နိုင်ငံဖြင့်သာ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောတူညီချက်များ လုပ်ဆောင်ရေးသင့်၊ မသင့်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးကအကြံပြုသည်။

အာဆီယံသည်ဘုံဆုံးဖြတ်ချက် ၅ရပ်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိသည့်မြန်မာစစ်ကောင်စီကို၎င်း၏ထိပ်သီးအစည်းအဝေးများအပါအဝင်နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများ တွင် အာဏာသိမ်းစစ်​ကောင်စီကို ဖယ်ချန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အတွက် အာဆီယံသည် ဥရောပသမဂ္ဂ နှင့် အခြားသော ဆွေးနွေးဖက်နိုင်ငံများနှင့် ကုန်သွယ် ရေးတိုးမြှင့်နိုင်ခြင်းမရှိကြောင်းနှင့် ယင်းသည် အာဆီယံအတွက် မျှတခြင်းမရှိကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် မြန်မာစစ် ကောင်စီကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။

သို့သော် အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် ယခုလကုန်တွင် မြန်မာနိုင်ငံသို့ ၎င်း၏ ဒုတိယခရီးစဉ်လာရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း NUG ၊ NUCC တို့နှင့် ထိတွေ့ဆွေးနွေးရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။