Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာတွင်စစ်တပ်အာဏာသိမ်းမှုကြောင့်အာဆီယံ၏ကုန်သွယ်ရေးဆွေးနွေးမှုများကိုနှောင့်နှေးစေဟု မလေးရှားပြော

ယင်းကိုကျော်လွှားဖြေရှင်းရန် အာဆီယံသည် အဖွဲ့ဝင် ၉ နိုင်ငံဖြင့်သာ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောတူညီချက်များ လုပ်ဆောင်ရေးသင့်၊ မသင့်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးကအကြံပြုသည်။

(စစ်​ကောင်စီ နိုင်ငံခြား​ရေးဝန်ကြီးကိုတက်ခွင့်မပြု​သော အာဆီယံ-အိန္ဒိယ နိုင်ငံခြား​ရေးဝန်ကြီးများအစည်းအဝး။ ဓါတ်ပုံ- ဓာတ်ပုံ - Malaymail)
(စစ်​ကောင်စီ နိုင်ငံခြား​ရေးဝန်ကြီးကိုတက်ခွင့်မပြု​သော အာဆီယံ-အိန္ဒိယ နိုင်ငံခြား​ရေးဝန်ကြီးများအစည်းအဝး။ ဓါတ်ပုံ- ဓာတ်ပုံ - Malaymail)

မြန်မာတွင်စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲအကျပ်အတည်းကြောင့် အာဆီယံနိုင်ငံများနှင့် စီးပွားရေးမိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးမှုများသည် နှောင့်နှေးခဲ့ရကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ဇွန် ၂၀ ရက်တွင် ပြောသည်။

အာဆီယံသည် အဖွဲ့ဝင်နိုင်ငံအားလုံး၏ ဘုံသဘောတူဆုံးဖြတ်ချက်အပေါ် အခြေခံထား၍ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏အတည်ပြုချက်ပျက်ကွက်မှုမှာ အတားအဆီးဖြစ်စေနိုင်ပြီး အာဆီယံ၏ညှိနှိုင်းမိတ်ဖက်များနှင့်အလားအလာရှိသောသဘောတူညီချက်များတွင် မြန်မာကအနှောင့်အယှက် ဖြစ်နေခြင်းဖြစ်သည်။

ယင်းကိုကျော်လွှားဖြေရှင်းရန် အာဆီယံသည် အဖွဲ့ဝင် ၉ နိုင်ငံဖြင့်သာ ညှိနှိုင်းဆွေးနွေးမှုများ၊ သဘောတူညီချက်များ လုပ်ဆောင်ရေးသင့်၊ မသင့်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးကအကြံပြုသည်။

အာဆီယံသည်ဘုံဆုံးဖြတ်ချက် ၅ရပ်ကိုလိုက်နာဆောင်ရွက်ခြင်းမရှိသည့်မြန်မာစစ်ကောင်စီကို၎င်း၏ထိပ်သီးအစည်းအဝေးများအပါအဝင်နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးများ တွင် အာဏာသိမ်းစစ်​ကောင်စီကို ဖယ်ချန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အတွက် အာဆီယံသည် ဥရောပသမဂ္ဂ နှင့် အခြားသော ဆွေးနွေးဖက်နိုင်ငံများနှင့် ကုန်သွယ် ရေးတိုးမြှင့်နိုင်ခြင်းမရှိကြောင်းနှင့် ယင်းသည် အာဆီယံအတွက် မျှတခြင်းမရှိကြောင်း မလေး ရှားနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ပြီးခဲ့သည့် အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတွင် မြန်မာစစ် ကောင်စီကို ဖိတ်ကြားခြင်းမရှိခဲ့ပေ။

သို့သော် အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးသည် ယခုလကုန်တွင် မြန်မာနိုင်ငံသို့ ၎င်း၏ ဒုတိယခရီးစဉ်လာရောက်မည်ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း NUG ၊ NUCC တို့နှင့် ထိတွေ့ဆွေးနွေးရမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော